Part - 28, special

58 2 0
                                    

unicode

အပိုင်း (၂၈) အထူးပိုင်း

ယခုတော့..ဇာတ်လမ်းလေးက နိမ့်လိုက် မြင့်လိုက် ဝမ်းနည်းလိုက် ပျော်ရွှင်လိုက် ငိုလိုက် ရည်လိုက် မုန်းလိုက် ချစ်လိုက်နဲ့ ဖတ်ရှုကြရပြီးပြီ။ ဒီ ဇာတ်လမ်းလေးထဲက သင် ဘာတွေ ရလိုက်သလဲ။ ဘယ်အရာတွေကို အတုယူပြီး ဘယ်အရာတွေကို ရှောင်းရှားသင့်သလဲ။ ဒါတွေကို သင် တွေးလိုက်ပါသလား။ ကျွန်တော် စာရေးသူ အောင်မင်း (ခေတ်သစ်စ) က စားဖတ်သူကို အသိပေး မျှဝေချင်တာတွေကို ထည့်ရေးထားပါသည်။

ဒါကို စာဖတ်သူတွေ ကွက်ကွက်ကွင်းကွင်း မြင်အောင် မရေးနိုင်တာ ကျွန်တော် အထူးတောင်းပန်အပ်ပါသည်။ ဒါတွေကို ကျွန်တော် နောက်မှ ထည့်ရေးရှင်းပြပါမည်။ အားလုံး ဒီဇာတ်လမ်းကို ဖတ်ရတာ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ ကာရိုက်တာ ၆ မျိုးနဲ့ အတွဲ ၃ တွဲ ပါရှိပါသည်။ သူတို့၏ အချစ်ခန်းများကို စာဖတ်သူများ အကြိုက်တွေ့စေဖို့ ထပ်လောင်းရေးသားဖော်ပြပေးပါမည်။

ယခုတော့ အပ်စ်နဲ့မစ် အလွန့်အလွန် ပျော်နေကြတာ။ မစ်က ကုမ္ပဏီမှ အလုပ်ပြီးတော့ အပ်စ်၏ ဆိုင်လေးကို ချက်ချင်း ပြန်ခဲ့တာ။ အပ်စ်ကလည်း ဆိုင်မဖွင့်ပေ။ သူအရမ်းချစ်ရတဲ့ မစ်ကို ဂရုစိုက်ပေးမည်ဟူ၍ တွေးထားသောကြောင့် ဖြစ်ပေသည်။ မစ်က အပ်စ်၏ ခြံထဲကို မောင်းဝင်လာတော့ အပ်စ်က မစ်ကို ထွက်ကြိုနှင့်ပါသည်။ မစ်လည်း ပြုံးရည်ကာ ကားပေါ်ကဆင်းတော့..

" ဘယ်လိုလဲ..အချစ်လေးမစ်..ပင်ပန်းနေပြီလား.. ''

" မပင်ပန်းပါဘူး..ကိုယ်ချစ်ရတဲ့သူရဲ့ မျက်နှာကို မြင်လိုက်ရတာ..ဘယ်လောက် အေးချမ်းတယ်ဆိုတာ..သိတယ်မဟုတ်ဘူးလား.. ''

" ငါက..အဲ့လောက်တောင်မှ သဘောကျလို့
ကောင်းတာလား.. ''

" ဒါပေါ့..သဘောကျရုံမကဘူး..ကြိုက်ပါ
ကြိုက်တာ.. ''

" အိုကေ..ဒါဆို..ခု အချစ်လေးမစ်
ပင်ပန်းမှာ စိုးလို့.. ပွေ့ချီသွားမယ်ဆိုရင်ရော.. ''

အပ်စ်က ထိုကဲ့သို့ ပြောရင်းဖြင့် မစ်၏ ပုခုံးနဲ့ ခြေထောက်ကို ပွေ့ပိုက်ပြီး အိမ်ထဲသို့ မချီသွားလျှင် မစ်က ပြုံး၍ အပ်စ်ကို ကြည့်ကာ အပ်စ်က..

Connection to LoveWhere stories live. Discover now