unicode
အပိုင်း (၂၂)
အချိန်ကြာမြင့်စွာ မြည်နေတဲ့ ဖုန်းသံ သတ်မှတ်ချိန်ကျော်ပြီး ကျသွားပေမယ့် ထပ်ပြီး မြည်လာပြန်လေသည်။ တွန်ကလည်း အခုထိ မကိုင်သေး။ ဒါကြောင့် ဂျင်က ထမင်းစားရင်း..
" တွန်.. ဖုန်းလာနေတာ..ဘာဖြစ်လို့. မကိုင်တာလဲ..ကိုင်လိုက်လေ..ဟိုဘက်က အရေးကြီးလို့..ဆက်နေတာ..နေမှာပေါ့.. ''
" မကိုင်ချင်ဘူး.. ''
" ဘယ်သူများ..ဆက်တာ မို့လို့လဲ.. ''
" အဖေ.. ပစ်ထားတုန်းက ပစ်ထားပြီးမှ အခုလိုအချိန်မှ ဆက်လာတာ.. မကိုင်ချင်ဘူး.. ''
" တွန်.. မင်းအခု ဘယ်လို ခံစားနေရမယ်ဆိုတာ.. ငါသိပါတယ်.. ဒါပေမယ့်..အခု အဖေက.. ဘာကြောင့်ဆက်တယ်ဆိုတာ ကိုင်သင့်တယ်လေ.. ''
" မကိုင်ချင်ဘူး.. ''
ထိုကဲ့သို့ ခါးသီးစွာ ငြင်းနေ၍ ဂျင်လည်း တွန်၏ဖုန်းကို ကောက်ကိုင်လိုက်လေတော့သည်။
" ဟယ်လို.. ပြောပါဗျ.. ''
" အခုပြောနေတာ.. ဘယ်သူပါလဲ.. ''
ကွန်ဒုံကလည်း သူ့သားတွန်၏အသံ မဟုတ်၍ ထိုကဲ့သို့ မေးလိုက်လေသည်။ ကွန်ဒုံ၏ ဘေးမှာလည်း ဘိုအာ နဲ့ တွန်၏အစ်မတို့ကလည်း ရှိနေလေသည်။
" ဟုတ်ကဲ့..ကျွန်တော်က..တွန်ရဲ့ ချစ်သူပါဗျ.. ''
ထိုစကားကို တွန်က မပြောဖို့ တားလိုက်ပေမယ့် တားချိန်မရ တွန်က လက်ကလေး လှမ်းလျက်သာ ရပ်နေရလေတော့သည်။ ထို့နောက် ဂျင်က ဆက်ပြီး..
" ဘာပြောမလို့လဲဗျ.. ''
ကွန်ဒုံက ဘာမှမပြောနိုင်သေး။ ဂျင်၏ စကားကိုကြားပြီး ရည်လျက်နဲ့ငိုမဲ့မဲ့ ဝမ်းသာတစ်ချက်ငိုတစ်ချက် ဖြစ်နေလေသည်။ ခဏကြာမှ..
" အေး..အေး.. ဝမ်းသာပါတယ်ကွယ်.. သားလေး..တွန်ကိုသာ ဂရုစိုက်ပေးပါ.. ပြီးတော့ အိမ်ကို ပြန်လာခဲ့ပါဦးလို့..သူ့ကို ပြောပေးပါ.. ''
" ဟုတ်.. ကျွန်တော် ပြောလိုက်ပါ့မယ်ဗျ.. ဦးတို့ စိတ်ချပါဗျ.. ကျွန်တော်.. တွန်ကို အိမ်ပြန်လာဖို့ ပြောကြည့်ပေးပါမယ်ဗျ... ''