Best Friend Turn Boyfriend
ဒါတွေဟာ ဘယ်အချိန်ကစခဲ့လဲ ဆိုရင်...
အဲ့နေ့က ရှောင်ကျန့် အလုပ်တွေနဲ့မအားတာကြောင့်ရိပေါ်နဲ့ တနေကုန် မတွေ့ရသေး
အလုပ်ဆင်းချိန်ပါ နောက်ကျတာ ကြောင့်လည်းပါသည်
အိမ်ပြန်ရောက်ချိန် အိတ်ကပ်ထဲမှ ဖုန်းမြည်လာတာကြောင့်
ဖုန်းကိုထုတ်ကာ ကြည့်မိတော့
Contact nameက ရိပေါ်တဲ့
"Hello ရိပေါ်"
"ရှောင်ကျန့် ဘာလုပ်နေလဲ"
"ကိုယ်အခုမှ အလုပ်က ပြန်ရောက်တာ"
"မင်းအလုပ်က နောက်ကျလှချည်းလား"
"အင်း ဒီနေ့ နည်းနည်း အလုပ်များလို့
နောက်ကျသွားတာ။ ဘာပြောစရာရှီလို့လဲ ရိပေါ်""အဲ့တာက ဟိုလေ.....ငါ....ငါရည်းစားရသွားပြီ"
ရိပေါ် ပြောလိုက်တာ ရိုးရိုးလေးပေမယ့်
သူ့မှာ ကမ္ဘာတခုလုံးပျက်စီး သွားသလို ခံစားလိုက်ရသည်
စိတ်ကိုတည် ငြိမ်အောင် ထားပြီး မေးခွန်း ပြန်မေးရန် ကြိုးစားရသည်
"ဘ..ဘယ်သူနဲ့လဲ"
ပါးစပ်ကထွက်လာသော စကားလုံးများမှာ ကတုန်ကရင်ဖြင့်
"ဟို မင်းမှတ်မိမလားတော့ မသိဘူး ငါတို့ကျောင်းတုန်းက စီနီယာတယောက်"
"နာမည် ဘယ်လိုခေါ်လဲ"
"ယွီပင်း"
"ဟို စီနီယာ အကိုမလား"
"အင်း ဟုတ်တယ်"
မင်း ချစ်သူက ယောက်ျားလေးတယောက်တဲ့လား ရိပေါ်
ဒါပေမယ့်ဘာကြောင့် ငါဟုတ်မနေရတာလဲ ဆိုတဲ့အတွေး ခေါင်းထဲဝင်လာတာမို့ ရှောင်ကျန့် သူ့ခေါင်းကိုခါပစ်မိတယ်"ဟို မင်းငါ့ကို ဆက်ပေါင်းလို့ အဆင်ပြေရဲ့လား"
တဖက်မှ အတော်ကြာ အသံတိတ်သွားသည်မို့ ရိပေါ်မေးလိုက်မိသည်
"ဘာကြောင့် ငါက မင်းနဲ့ ဆက်မပေါင်းဘဲနေရမှာလဲ"
"ငါက ယောက်ျားလေးတယောက်နဲ့ ချစ်သူတွေ ဖြစ်နေတာမို့ မင်းအဆင်ပြေရဲ့လားလို့ မေးချင်တာပါ"
YOU ARE READING
သူငယ်ချင်းမှနေ ချစ်သူသို့
Fanfictionအရင်းနှီးဆုံး သူငယ်ချင်းဘဝ မှ အရင်းနှီးဆုံး လက်တွဲဖော်ဘဝသို့ အရင်းနှီးဆုံး သူငယ်ချင်းဘဝ မှ အရင်းနှီးဆုံး လက်တွဲဖော်ဘဝသို့ Zhãñyi