သူငယ်ချင်းမှနေ ချစ်သူသို့...4(Zawgyi+uni)

825 79 0
                                    

သူငယ်ချင်းမှနေ ချစ်သူသို့

Zawgyi

အခုဆို ရိပေါ်နဲ့ ယွီပင်း ချစ်သူဖြစ်တာ တစ်လပြည့်ပြီ

တစ်လပြည့်တဲ့နေ့မို့ လက်ဆောင်ပေးချင်တာကြောင့် ရှောင်ကျန့်ကိုခေါ်ကာ နာမည်ကြီး mallတခုမှာ ပတ်နေတာဖြစ်သည်

"ရှောင်ကျန့် လာအုံး "

"ဘာလဲ"

"ဒီမှာ ဒီအကျီသွားဝတ်ကြည့်"

"ဘာလုပ်ဖို့လဲ ကိုယ်မဝယ်ဘူးနော်"

"ဝတ်ကြည့်ပါဆိုနေ ဝတ်ကြည့်ပေါ့ စကားမများနဲ့"

"အဲ့တာ‌ဆိုလည်း ပေးပေး"

"မြန်မြန်လဲ ပြီးထွက်လာခဲ့နော်"

"အင်း"

ရှောင်ကျန့်လည်း ရိပေါ်ဝတ်ကြည့်ခိုင်းတဲ့ အကျီကို အဝတ်လဲခန်းထဲ ယူကာလဲဝတ်လိုက်ပြီး ပြန်ထွက်လာသည်

"Wow အရမ်းလိုက်တယ် ရှောင်ကျန့်"

"ဒီမှာ အဲ့အကျီကို ယူမယ် "
ရိပေါ် သူ့ဘေးမှာရှီနေတဲ့ အရောင်းဝန်ထမ်းလေးကိုပြောလိုက်သည်

"ဟုတ်ကဲ့ရှင့်"

"ရိပေါ် ကိုယ်မဝယ်ဘူးလို့ပြောထားတယ်လေ"

"အင်းလေ အဲ့အကျီက မင်းဝယ်တာမဟုတ်ဘူး
လေ ငါဝယ်တာလေ"

"ကိုယ်ပြောချင်တာက အဲ့လိုမဟုတ်ဘူးလေ"

"ဟုတ်တာတွေ မဟုတ်တာတွေလုပ်မနေနဲ့ ဝယ်ပေးရင်ယူလိုက် ဒါဘဲ"

ရှောင်ကျန့် ရိပေါ်နဲ့ ပြိုင်ငြင်းမနေတော့ဘဲ
အလျော့ပေးလိုက်တော့သည်

ရိပေါ် mallကို စိတ်ကြိုက် တပတ် ပတ်ပြီးတဲ့နောက် ဗိုက်ဆာလာတာကြောင့် မုန့်ဆိုင် တဆိုင်ကို ဝင်လိုက်သည်

နောက်မှရှောင်ကျန့်ကလည်း ရိပေါ်နဲ့ ထပ်ကြပ်မကွာ လိုက်လာသည်

Mallတခုလုံး ပတ်ပြီး ဘာတွေပါလာလည်းမေးရင် ရိပေါ် သူ့အတွက် အသုံးလိုမယ့် ပစ္စည်းတချို့ရယ် ရှောင်ကျန့် အတွက် ဝယ်ပေးထားတဲ့ ပစ္စည်းတွေသာ ပါလာသည်

Mallကိုလာရခြင်းရဲ့ အဓိက ရည်ရွယ်ကတော့ အခုထိ အကောင်အထည်မဖော်ရသေး

သူငယ်ချင်းမှနေ ချစ်သူသို့Where stories live. Discover now