Best Friend Turn Boyfriend
ဒီနေ့ ရိပေါ်က သူ့ချစ်သူနဲ့ မိတ်ဆက်ပေးမယ်
ဆိုတာကြောင့် ရှောင်ကျန့် ရိပေါ်နဲ့ ချိန်းထားတဲ့ coffeeဆိုင်မှာစောင့်နေခဲ့တယ်ရှောင်ကျန့်ရောက်ပြီး သိပ်မကြာ ရိပေါ်တို့ရောက်လာသည်
ရိပေါ်တို့ နှစ်ယောက်က ရှောင်ကျန့်ရှေ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကြသည်
"ရှောင်ကျန့် ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး အခုလေးတင်ဘဲ"
"အင်း။ ဒါငါ့ ရည်းစားလေ ယွီပင်းတဲ့ စီနီယာဒါကျွန်တော့် best Friendရှောင်ကျန့်တဲ့"
"တွေ့ရတာ ဝမ်းသာပါတယ် အကိုကရိပေါ်ချစ်သူပါ"
"ဟုတ်ကဲ့ ကျွန်တော် ရှောင်ကျန့်ပါ"
အပြန်အလှန်မိတ်ဆက်ပြီးသွားတဲ့နောက် စားဖို့ မုန့်မှာပြီး စားကြသောက်ကြသည်"ရိပေါ် ဒီနေ့ အကိုတို့ dateရအောင်"
ရိပေါ် ရှောင်ကျန့်ကို ကြည့်မိသည်"စီနီယာ ဒီမှာ ရှောင်ကျန့်လည်းရှီနေတာဆိုတော့ နောက်နေ့မှ dateရအောင်လေ"
"အာ...ရပါတယ် ရိပေါ်ရဲ့။ ရိပေါ်တို့ dateချင်ရင် သွားကြလေ ကိုယ်ကအိမ်ဘဲပြန်လိုက်တော့မယ်"
"ဒီလိုဆိုရင်တော့ အကိုကကျေးဇူးတင်တာပေါ့ ညီရယ် အကို့မှာရိပေါ်နဲ့ dateရဖို့အရေး ပြောရတာ အာပေါက်မတတ်ဘဲ
အခုတောင် ညီနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး ထွက်လာလို့သာ နှစ်ယောက်ကိုတွဲပြီးတွေ့ရတာညီရယ်"
"ရပါတယ်အကို။
ရိပေါ်dateကောင်းကောင်းလုပ်ခဲ့နော်"ရှောင်ကျန့် ပြောစကားအပြီးသူ့ကိုနှုတ်ဆက်ကာ ထွက်သွားသောကျောပြင်နှစ်ခု
ရှောင်ကျန့် coffeeဆိုင်ကနေ တော်တော်နဲ့ အိမ်မပြန်ဖြစ်သေးဘဲ ထိုင်နေမိတယ်
အကိုယွီပင်းက လူရည်လူမွန် တယောက်လို့ ကျောင်းမှာထဲက ကြားဖူးနားဝရှီသည်
ဒါပေမယ့် ရိပေါ်မင်းသိလား ကိုယ်ကမင်းအတွက်ဆို မင်းအမြဲယုံကြည်အားထားလို့ရမယ့် လူတယောက်ဖြစ်ပေးနိုင်တယ်ဆိုတာကို..
YOU ARE READING
သူငယ်ချင်းမှနေ ချစ်သူသို့
Fanfictionအရင်းနှီးဆုံး သူငယ်ချင်းဘဝ မှ အရင်းနှီးဆုံး လက်တွဲဖော်ဘဝသို့ အရင်းနှီးဆုံး သူငယ်ချင်းဘဝ မှ အရင်းနှီးဆုံး လက်တွဲဖော်ဘဝသို့ Zhãñyi