သူငယ်ချင်းမှနေ ချစ်သူသို့
ရင်ခွင်ထဲမှာ ငိုရင်းအိပ်ပျော်သွားတဲ့ ရိပေါ်ကို ရှောင်ကျန့် အိပ်ယာပေါ် ပွေ့တင်ပေးလိုက်တယ်
စောင်သေချာ ခြုံပေးကာ ရိပေါ်ဘေးဝင်ထိုင်ပြီး
မျက်နှာလေးကို ငေးကြည့်နေမိသည်။
ငိုထားတာကြောင့် ဖောင်းအစ်အစ်နဲ့မျက်လုံးလေး အိပ်မက်ထဲထိတောင် အငိုမပျက်သေးဘူးလား မသိ နှာတရှုံရှူံနဲ့ ဒီလောက်ချစ်ဖို့ကောင်းတဲ့ မင်းလေးကို ဘယ်အရာတွေကများ ငိုစေခဲ့တာလဲ...-------~~~
ရိပေါ် နိုးလာတော့ ပတ်ဝန်းကျင်ကို အကဲခတ်မိသည်။'ဒါ ရှောင်ကျန့်အခန်းဘဲ ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ'သူမနေ့က စီနီယာဆီက အပြန်လမ်းမှာ 24 hours martဝင်တယ်။ စိတ်ညစ်နေတာမို့
ဘီယာဝယ်ပြီး ကားပေါ်မှာဘဲ သောက်မိတယ်
ပြီးတော့ ရှောင်ကျန့်ဆီထွက်လာတယ်ပြီးတော့........ပြီးတော့........ဟာ သွားပြီ ငါစိတ်မထိန်းနိုင်ဘဲ ရှောင်ကျန့်ကိုဖက်ပြီးငိုခဲ့မိတာဘဲ။ငိုရုံတင်မဟုတ်ဘဲ ဘာစကားတွေသွားပြောမိခဲ့တာလဲ။အား.... ရှက်ဖို့ကောင်းလိုက်တာ ဒီမျက်နှာကြီးနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရတော့မလဲ
အရက်တောင်မဟုတ် ဘီယာလေးဘဲသောက်မိတာကို ဒီလောက်ထိ ဖြစ်သွားရလား
ရိပေါ် ရှက်ရှက်နဲ့ စောင်ပုံထဲသာ ပြန်ဝင်နေမိသည်။အပြင်လည်း မထွက်ရဲဘူး ရှောင်ကျန့်နဲ့တွေ့မှာစိုးလို့.....
ထိုအချိန်မှာဘဲ ရိပေါ်ကိုအိပ်ယာနိုးဖို့ အခန်းထဲဝင်လာတဲ့ ရှောင်ကျန့်
အိပ်ယာပေါ်ကရိပေါ်ကိုကြည့်မိတော့ စောင်ကြီးကိုခေါင်းအထိ လုံအောင်ခြုံပြီး ဟိုလှိမ့် ဒီလှိမ့်နဲ့
ဘာဖြစ်နေတာလဲ သိရအောင်
ကုတင်အနားထိ အသံမပေးဘဲသွားလိုက်သည်တိုက်ဆိုင်ချက်ကတော့ လုပ်ယူရင်တောင်မရနိုင်တဲ့ ကိစ္စလေးတစ်ခုဖြစ်သွားသည်
အိပ်ယာပေါ်ကကောင်လေးရဲ့ အပေါ်မှာ အိပ်ယာနိုးဖို့ အခန်းထဲဝင်လာတဲ့ကောင်လေးက ထပ်လျက်ရှီနေသည်
ရှောင်ကျန့်ဒီအခြေအနေမှာ ဘယ်သူ့ကိုအပြစ်တင်ရမယ်မသိ တိုက်တိုက်ဆိုင်ဆိုင် သူ့လျောက်မယ့်လမ်းမှာ ကျနေတဲ့ ပစ္စည်းကိုလား စောင်ခြုံရင်းလူးလိမ့် နေရာကနေ ရုတ်တရက်စောင်လှပ် လိုက်တဲ့သူကိုလား
YOU ARE READING
သူငယ်ချင်းမှနေ ချစ်သူသို့
Fanfictionအရင်းနှီးဆုံး သူငယ်ချင်းဘဝ မှ အရင်းနှီးဆုံး လက်တွဲဖော်ဘဝသို့ အရင်းနှီးဆုံး သူငယ်ချင်းဘဝ မှ အရင်းနှီးဆုံး လက်တွဲဖော်ဘဝသို့ Zhãñyi