အရင်ရက်တွေထက်ဒီနေ့မနက်ခင်းလေးကပိုလှပနေသယောင်..
အနီးကပ်မြင်တွေ့နေရတဲ့မျက်နှာလှလှ လေးကမောင့်ရဲ့အပိုင်
ပြသနာတွေအဆင်ပြေပြီးအခုလိုလေးပြန်နေရမယ်မထင်ထားခဲ့တာအမှန်ပါ..
စိတ်လွတ်လက်လွတ်ငေးကြည့်နေမိတုန်းတစ်လှုပ်လှုပ်နိုးလာတဲ့ဖောင်းကစ်လေးအသံမပေးပဲကြည့်ပဲနေလိုက်တော့ဗိုက်ကိုကိုင်တာမျက်နှာလေးရှုံ့မဲ့နေတော့စိတ်မကောင်းသူ့ကြောင့်ဖြစ်ရတာမဟုတ်လား..."ထယ်..အဆင်ပြေရဲ့လား"
"အယ်..မောင်နိုးနေတာလားထယ်အဆင်ပြေပါတယ်စိတ်မပူနဲ့"
"မောင် ညနေရုံးကပြန်လာမှဆေးခန်းသွားပြပေးမယ်နော်ထယ်"
"ရပါတယ်ဒါနဲ့မောင်ရဲ့ဒီနေ့ရုံးမသွားရဘူးလား"
"သွားရမှာလေ"
"ဟယ်ရုံးသွားဖို့ပြင်ဆင်တော့လေထထမျက်နှာသွားသစ်တော့"
"ဟုတ်ကဲ့ပါခင်ဗျ"
"ပြောင်ချော်ချော်လုပ်မနေနဲ့သွားတော့သွား"
.
.
.
.
."သားတို့နိုးပြီလား လာမနက်စာတူတူလာစား"
"အမေသားရုံးနောက်ကျနေပြီမစားတော့ဘူး"
မောင်ရုံးသွားဖို့ပြင်ဆင်ေပးပြီးေအာက်ဆင်းေတာ့ထမင်းဝိုင်းမှာထိုင်နေတဲ့မောင့်မေမေကလှမ်းခေါ်နေသောကြောင့်ထယ်ယောင်းလဲတူတူ၀င်ထိုင်လိုက်ပြီးမောင့်ကိုနှုတ်ဆက်လိုက်ေတာ့သည်။
မောင်ထွက်သွားပြီးတော့ပြန်လည်တိတ်ဆိတ်သွားတဲ့ထမင်းစားဝိုင်း...တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်ကမောင့်မေမေ"ဘယ်တုန်းကပြန်တွေ့တာလဲ"
"ဗျာဘာကိုလဲအမေ"
"နင်နဲ့ဂျောင်ကုတို့ဘယ်တုန်းကပြန်တွေ့တာလဲ"
အခေါ်အဝေါ်တွေကအစပြောင်းလဲသွားသောမောင့်အမေမောင့်ရှေ့မှာအမြဲအေးချမ်းနေတော့ပြောင်းလဲသွားပြီထင်တာအဟက်!!အရင်အတိုင်းပါပဲ..ဒီစကားကိုတော့ထယ်ယောင်းစိတ်ထဲတွင်ပြောလိုက်ခြင်းတကယ့်လက်တွေ့မှာတော့..
"ဟုတ်..သိပ်တော့မကြာသေးပါဘူး"
"ဘာလဲမြူစွယ်လိုက်လို့ငါ့သားကနင့်နောက်ပြန်ပါလာတာလား
ဟုတ်မှာပေါ့ငါကဒီအိမ်ကိုလာနေဖို့ပြောတာတောင်တစ်ခွန်းမှမငြင်းပဲကောက်ကောက်ပါအောင်လိုက်လာထဲက...."
YOU ARE READING
MG
Hayran Kurguမင်းအမေကိုလွန်ဆန်နိုင်မှငါ့ကိုချစ်ပါမောင်.. -KTH အမေနဲ့ထယ် နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးမချယ်ခိုင်းပါနဲ့နှစ်ယောက်လုံးကအရေးပါသူတွေမို့... -JJK