လူတစ်ယောက်ကိုပိုချစ်မိရင်နာကျင်ရတယ်မောင်..။
"ထယ်ယောင်းရေသား..အမေ့ကိုလမ်းထိပ်မှာဈေးလေးသွား၀ယ်ပေးပါအုံး"
"အော..အင်း၀ယ်ပေးမယ်လေ"
အပြင်ကိုထွက်သွားသောကျောပြင်ငယ်လေးကိုကြည့်ရင်းကင်ဟန်ယောင်းစိတ်လေးရပါသည်
သားကအရင်ကဒီလိုမဟုတ်အမြဲသွက်လပ်နေတတ်တာ..အပြုံးအလှလေးတွေအမြဲပြုံးနေကြကလေး..
တစ်ရက် အိမ်ကိုငိုယိုပြီးပြန်လာတဲ့
နောက်ပိုင်းကစပြီးအရင်လိုအပြုံးလှလှလေးတွေ
ပျောက်သွားတော့တာပဲ..လမ်းထိပ်ကအမေ၀ယ်ခိုင်းတဲ့ပစ္စည်း၀ယ်ပြီးတစ်ဖက်လမ်းကကလေးပစ္စည်းဆိုင်လေးထဲကမိန်းကလေးဂါ၀န်ပန်းရောင်လေးကိုအကြည့်ရောက်မိတော့ပြုံးမိသေးတယ်..ခြေလှမ်းတို့ကမသွားဖို့ပြောနေပေမယ့်တကယ်တမ်းတော့ဆိုင်ရှေ့ပင်ရောက်နေပြီ..ဒီတိုင်းရပ်ကြည့်နေရင်းငိုမိပြန်သည်မတွေးချင်တော့တဲ့အတိတ်တွေကနှိပ်စက်နေဆဲပဲ
မျက်ရည်တွေသုတ်ပြီးပြန်အလှည့်ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီးလှဲကျသွားတဲ့ကိုယ်ငယ်လေး
ကားပေါ်ကလူတစ်ယောက်အမြန်ပြေးဆင်းလာပြီးထူပေးမယ်လုပ်တော့..."အာ..အဆင်ပြေရဲ့လားဗျ..ထနိုင်ရဲ့လားဟင်"
ထယ်ယောင်းတစ်ယောက်ရင်ထဲထိတ်သွားပြီရင်းနှီးနေတဲ့အသံ..သူမဟုတ်ပါစေနဲ့ဆုတောင်းပေမယ့်ဆုတောင်းတွေကမပြည့်ခဲ့ပါ
နာကျင်လာတဲ့ဘယ်ဘက်ရင်အစုံကိုဖိကိုင်ရင်းမော့ကြည့်မိတော့
သေချာပေါက်မောင်ဖြစ်လို့နေသည်...
မောင်ကလဲအံဩသွားဟန်.."ဟင်..ထယ်..ထယ်ဟုတ်တယ်မှတ်လားမောင်
လေ..မောင်လိုက်ရှာနေခဲ့တာထယ့်ကိုရှင်းပြစရာတွေရှိသေးတယ်""ဘာလဲမင်းရဲ့အလိမ်အညာတွေလား?
တော်ပါတော့ဂျွန်ဂျောင်ကုမင်းနဲ့ငါဘာမှဆိုင်တော့တာမဟုတ်ဘူး"မောင့်ကိုအေးစက်စက်အကြည့်တွေနဲ့ပြန်ပြောလိုက်တယ်..တကယ်လဲဘာမှမဆိုင်တော့တဲ့သူတို့နှစ်ယောက်အတွက်ရှင်းပြနေလဲအပိုပါပဲမောင်ရယ်
"အဲ့လိုမဟုတ်ပါဘူးထယ်ရယ် မောင်လေထယ်ကျေနပ်တဲ့အထိတောင်းပန်မှာမို့ခနပဲရှင်းပြ.."

YOU ARE READING
MG
Fanficမင်းအမေကိုလွန်ဆန်နိုင်မှငါ့ကိုချစ်ပါမောင်.. -KTH အမေနဲ့ထယ် နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးမချယ်ခိုင်းပါနဲ့နှစ်ယောက်လုံးကအရေးပါသူတွေမို့... -JJK