အ၀တ်တွေထည့်နေရင်းသက်ပြင်းခနခနချနေမိတော့အမေက"သားလေး..အဆင်မပြေရင်လဲမသွားပါနဲ့လားဟမ်"
"အဆင်ပြေလောက် မယ်တော့ထင်တာပဲအမေ..သားမောင်နဲ့မခွဲနိုင်လို့သာလိုက်သွားမှာသူ့အမေနဲ့အဆင်ပြေအောင်တော့နေရမှာပဲ"
"အေးပါသားရယ်..ဒါပေမယ့်အစစအရာရာဂရုစိုက်နော်ပြီးတော့ကိုယ့်ယောက္ခမဆိုတာလဲကိုယ့်မိဘပဲအမေပြောတာနားလည်တယ်မှတ်လားဘယ်တော့မှရိုင်းရိုင်းစိုင်းစိုင်းပြန်မပြောရဘူးနော်ကြားလား"
"ဟုတ်အမေ"
အမေနဲ့စကားပြောနေတုန်းကားဟွန်းတီးသံကြားလို့
"မောင်လာခေါ်ပြီထင်တယ်သားသွားတော့မယ်နော်အမေ"
အိမ်ထဲကို၀င်လာတဲ့မောင်က
"အမေသွားတို့သွားတော့မယ်နော်ထယ့်ကိုဂရုစိုက်ပါ့မယ်"
"အေးအေးသားတို့ထယ်ယောင်းလေးကိုဂရုစိုက်လိုက်ပါအုံးသူကနေကသိပ်ကောင်းတာမဟုတ်ချုခြာတယ်ဆိုတာသားလဲသိမှာပေါ့အဲ့တာကြောင့်ဂရုစိုက်နော်"
"ဟုတ်ကဲ့အမေစိတ်ချပါအမေ့သားကိုဂရုစိုက်ပါ့မယ်..လာထယ်သွားကြမယ်လေ"
"ဟုတ်.."
ကားပေါ်အထုပ်တွေတင်ပြီးခုံမှာ၀င်ထိုင်ရင်းမောင်တို့အိမ်သို့...
"ထယ်လေးတို့လာပြီလား လာလာ"
အိမ်ထဲ၀င်၀င်ချင်းဂျောင်ကုအမေရဲ့စကားကိုကြားတော့ထယ်ယောင်းအံ့ဩမိသွားတာအမှန်ဒါပေမယ့်မျက်နှာမှာတော့အံဩယောင်မပြမိပြုံး၍သာ
"အမေကသားတို့ကိုစောင့်နေတာရယ်"
ခါးကိုလက်နဲ့ဖက်ပြီးဧည့်ခန်းထဲခေါ်သွားတဲ့မောင့်အမေကြောင့်မောင်ကလဲနောက်ကလဲပြုံး၍သာလိုက်လာနေသည်။
ထယ်ယောင်းစိတ်ထဲမှာတော့လူတွေကအဲ့လိုပြောင်းလဲနိုင်လို့လားမေးခွန်းပေါင်းများစွာနဲ့။"ထယ်လေး..ဒါကသားယောကျာ်းရဲ့အိမ်မို့အားမနာပဲလွတ်လွတ်လပ်လပ်နေနော်သိလား"
"ဟုတ်..အန်တီ"
"အာ..ဘယ်လိုအန်တီတုန်းအမေလို့ခေါ်ပါသားရဲ့"
![](https://img.wattpad.com/cover/306192399-288-k635014.jpg)
YOU ARE READING
MG
Fiksi Penggemarမင်းအမေကိုလွန်ဆန်နိုင်မှငါ့ကိုချစ်ပါမောင်.. -KTH အမေနဲ့ထယ် နှစ်ယောက်ထဲကတစ်ယောက်ကိုရွေးမချယ်ခိုင်းပါနဲ့နှစ်ယောက်လုံးကအရေးပါသူတွေမို့... -JJK