Chapter-7

9.3K 969 78
                                    

Unicode Version

လျှောက်လမ်းကျဥ်းကျဥ်းလေးမှာ ခပ်ကျဲကျဲခြေလှမ်းတို့ဖြင့် အပြေးတစ်ပိုင်းသွားရင်း သူ၏အသက်ရှူသံတို့ကလည်း အမောတကောနိုင်နေ၏။

သွန်းစေဖြိုးသည် အကူအညီရလိုရငြား ခြေလှမ်းကိုအရှိန်တင်လိုက်ရင်း ပတ်ပတ်လည်ကိုဝေ့ဝဲကြည့်လိုက်သော်လည်း အချည်းနှီးသာ။ ပတ်ဝန်းကျင်တစ်ဝိုက်မှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သူအကူအညီတောင်း၍ရနိုင်သော တစ်စုံတစ်ရာပင်မရှိ။ သူ့အနောက်က ထိတ်လန့်ဖွယ်ရာခြေသံတို့ကသာ သူ့ကိုအဖော်ပြုလျက်ရှိသည်။

သူအာရုံပျံ့လွင့်နေချိန်မှာပင် ထိုခြေသံတို့က သူနှင့်ပိုနီးလာလေသည်။

ကြောက်ရွံ့စိတ်တို့က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပူဖောင်းတစ်လုံးနှယ် ဖောင်းကြွလာစေပြီး ဖရိုဖရဲဖြစ်နေသောနှလုံးခုန်သံကလည်း သံကြိုးအထပ်ထပ်ခတ်ခံထားရသည့်ကြားမှ ဖောက်ထွက်ရန်ကြိုးစားနေသော သားရိုင်းကောင်အလား ရင်ဘတ်တစ်ခုလုံးကို အပြင်းအထန်ဖောင်းချည်ပိန်ချည်ဖြစ်နေစေ၏။

ဤအမည်မသိလူတစ်စုသည် တစ်ကိုယ်လုံးအနက်ရောင်ဝတ်စားထားပြီး မြင်သာထင်သာရှိသောလက်မောင်းနှင့်ပခုံးတို့ထက်မှာ တက်တူးတို့ကပြည့်နှက်နေပြန်လေရာ သူတို့၏ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါကို ပို၍အားဖြည့်သလိုပင် ဖြစ်နေတော့သည်။

သွန်းစေဖြိုးသည် အိန္ဒြေမဆည်နိုင်တော့သည်အထိ ကြောက်လန့်သွားပြီး လက်ထဲမှာကိုင်ထားသည့် ပါဝါပိတ်သွားပြီဖြစ်သောဖုန်းကို ပွင့်လိုပွင့်ငြား ပါဝါခလုတ်ကိုအထပ်ထပ်အခါခါဖိနှိပ်နေမိသည်။

အိပ်ပြန်ဖို့အတွက် လူပြတ်လပ်သောနေရာမှဖြတ်သွားဖို့စိတ်ကူးမိသည့်ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ရင်း နဖူးပေါ်မှစိမ့်ထွက်လာသောချွေးစေးတို့ကို တုန်ရီနေသောလက်ဖြင့်သုတ်ဖယ်လိုက်သည်။

လွန်ခဲ့သည့်ရက်ပိုင်းကတည်းက သူ့အနောက်ကို တစ်စုံတစ်ယောက်က နောက်ယောင်ခံလိုက်နေသလို ခံစားခဲ့ရသော်လည်း သူသည် ထိုအရာကို ကြီးကြီးမားမားမမှတ်ယူခဲ့ဘဲ ပေါ့ဆခဲ့မိသည်။ ယခုတော့ဖြင့် ထိုလူတစ်စုက သူ့အနားကို ရဲတင်းစွာချဥ်းကပ်ဖို့ကြိုးစားလာလေပြီ။ သူ့မှာ သူကိုယ်တိုင်၏ပေါ့ဆမှုကြောင့် ဒုက္ခရောက်ရတော့မည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Место, где живут истории. Откройте их для себя