Chapter-27

5.8K 592 15
                                    

Unicode Version

ကြိုတင်ချိန်းဆိုထားရာ ရုပ်ရှင်ရုံရှေ့မှာ စိတ်လှုပ်ရှားမှုကြောင့် ဂနာမငြိမ်စွာ ဟိုလျှောက်သည်လျှောက်လုပ်နေသော အမျိုးသားငယ်တစ်ယောက်...။

ထိုအမျိုးသားငယ်ဟာ လက်ထဲမှာလည်း အဖြူရောင်နှင်းဆီပန်းတစ်ပွင့်ကို တယုတယကိုင်ထားသေးသည်။ ပန်းလေးကို တမြတ်တနိုးငုံ့ကြည့်လိုက် ချစ်ရသူလေးလာမည့်လမ်းကိုမျှော်ငေးလိုက်နှင့် အလုပ်ရှုပ်နေသည်သာ။

ယနေ့ဟာ သူနှင့်သူ့ချစ်သူ၏ အစစ်အမှန်First Dateဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် စွမ်းစေတမာန်သည် ပုံမှန်ဝတ်နေကျ Racer Jacketအစား ရှပ်အဖြူနှင့် Style Pantကိုသာ ဝတ်ဆင်လာသည်။

ယနေ့ဟာ သူနှင့်သူ့ချစ်သူ၏ အစစ်အမှန်First Dateဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် စွမ်းစေတမာန်သည် ပုံမှန်ဝတ်နေကျ Racer Jacketအစား ရှပ်အဖြူနှင့် Style Pantကိုသာ ဝတ်ဆင်လာသည်။

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

ဤဝတ်စားဆင်ယင်ပုံဟာ တခြားလူများနှင့်နီးကပ်သွားချိန်မှာ အသားချင်းထိမိဖို့လွယ်သော်ငြား လောလောဆယ်တော့ သူဂရုမစိုက်အားပေ။ First Dateတွင် နှိုင်းအမြုတေ၏အမြင်မှာ သူကြည့်ကောင်းနေချင်သည်။

သူမမျှော်လင့်ထားသည်မှာ နှိုင်းအမြုတေကလည်း သူ့လိုရှပ်အဖြူနှင့် Style Pantကိုသာ ဝတ်လာခဲ့ခြင်းပင်။ ဖြူစင်သန့်ရှင်းစွာ ချောမောနိုင်ရက်သောနှိုင်းအမြုတေကို မြင်မြင်ချင်းမှာ သူ့ခေါင်းထဲ၌ အတွေးနှစ်ခုသာရစ်ဝဲနေခဲ့သည်။

"ငါ့ကောင်လေး အရမ်းချောတာပဲ" ဆိုသည့်အတွေးနှင့် "ဘယ်လိုတောင် စိတ်ချင်းဆက်နေတာလဲ" ဟူသည့်အတွေးပင်။

သူ့ဆီအပြေးလာနေသော နှိုင်းအမြုတေအား တမေ့တမောငေးနေမိချိန်မှာ သူ့ခေါင်းထဲတွင် တခြားဘာမှမရှိတော့ဘဲ ကြော့ကြော့မော့မော့လှပနေသောကောင်လေး၏ပုံရိပ်တို့နှင့်သာ ပြည့်နှက်သွားတော့သည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Onde histórias criam vida. Descubra agora