Unicode Version
ဤနေရာသို့ ကူးပြောင်းလာပြီးကတည်းက နှိုင်းအမြုတေသည် စွမ်းစေတမာန် ဤမျှစိတ်ပျက်အားလျော့နေသည်ကို တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။ စာအုပ်ထဲမှာပင် ယခုလိုစိတ်အခြေအနေမျိုးနှင့် စွမ်းစေတမာန်ကို ယှဥ်တွဲဖူးခြင်းမရှိ။
စွမ်းစေတမာန်ဆီမှ မက်ဆေ့ချ်ရရချင်း ကျောင်းအပြင်ဘက်သို့ သူ အပြေးသွားခဲ့သည်။ ဆေးဆိုင်ရှေ့မှာ စွမ်းစေတမာန်ကို ရှာမတွေ့သဖြင့် ဖုန်းဆက်မည်အပြု ဆေးဆိုင်နောက်ကျောဘက်မှာ အားအင်ပြတ်လပ်နေသူတစ်ယောက်နှယ် နံရံကိုမှီထားပြီး ခေါင်းငိုက်စိုက်ချထားသော စွမ်းစေတမာန်ကို သူ မြင်လိုက်ရသည်။
စွမ်းစေတမာန်၏လက်ရှိပုံစံမှာ စွန့်ပစ်ခံလိုက်ရ၍ သွားစရာနေရာမရှိရှာသော လေလွင့်ကြောင်လေးတစ်ကောင်နှယ် သနားစရာကောင်းလှသည်။ ခေါင်းငိုက်စိုက်ချထားသော်လည်း ဘေးတစ်စောင်းမြင်နေရသော မျက်နှာထက်တွင်လည်း စိတ်ပျက်နာကျင်နေသောအရိပ်အယောင်တို့က အတိုင်းသားပေါ်လွင်နေ၏။
"စီနီယာ"
ခေါ်သံကြား၍ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး သူရှိရာကို လှည့်ကြည့်လာသောအမူအရာလေးများကအစ စက်ရုပ်ဆန်နေလေသည်။
စိတ်နှင့်ကိုယ်ကပ်ပုံမရသော စွမ်းစေတမာန်ဟာ သူ့ကိုမြင်လိုက်သည်နှင့် ကန္တာရခရီးသည်တစ်ဦး အိုအေစစ်လေးတစ်ခုကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်အလား ငူငူငိုင်ငိုင်ဖြစ်နေရာမှ အနည်းငယ်မျှ ပြန်လည်ရွှင်လန်းလာသည်။
"နှိုင်း"
မှီတွယ်ထားသောနံရံကို ဖယ်ခွါ၍ သူ့အနားကို ခပ်ဖြည်းဖြည်းလျှောက်လာသော စွမ်းစေတမာန်မှာ သူမြင်ဖူးခဲ့သောပုံစံတိုင်းထက် ပိုထူးခြားနေသည်။ အင်အားနည်းလေသော တစ်ဖက်ခြမ်းအား လှစ်ဟပြလာလေခြင်း...။
မတိုင်မီက ဘားမှာသောင်းကျန်းနေခဲ့သော စွမ်းစေတမာန်၏လုပ်ရပ်ဟာ နှိုင်းအမြုတေအဖို့ ဤလူသား၏အဖျက်ဓာတ်တို့ကိန်းအောင်းနေသော Dark Sideကို ပြသလာခြင်းဆိုပါက ယခုတစ်ခေါက်ကတော့ ကာကွယ်ခံရဖို့လိုအပ်နေသော အင်အားချည့်နဲ့သည့်တစ်ဖက်ခြမ်းကို မြင်လိုက်ရသည်ဟု ဆိုနိုင်သည်။
VOUS LISEZ
ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)
Roman d'amourသုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လောက်သားလောက်အောင် ပညာပေး...ဟိုက်!! ဗီလိန်နဲ့ထိပ်တိုက်တိုးတော့မယ်။ ဝေးဝေးရှောင်မှ" စွမ်းစေတမာန် - "မင်းလေး ဘယ်လောက်ပြေးပြေး ကိုယ့်လက်ထဲက မလွတ...