Chapter-10

9.5K 906 42
                                    

Unicode Version

ယနေ့အဖို့ ဒိတ်လုပ်ရန်အတွက် အထူးသင့်တော်သည့်ရာသီဥတုနှင့်ကြုံကြိုက်ရလေသည့်အတွက် စွမ်းစေတမာန်နှင့်နှိုင်းအမြုတေမှာ ဒိတ်မဟုတ်သည့်ဒိတ်တစ်ခုအတွက် ကိုယ်စီကိုယ်ငှစိတ်လှုပ်ရှားလျက်ရှိသည်။

ပြိုင်ပွဲကျင်းပရာခန်းမကြီးထဲသို့ စွမ်းစေတမာန်နှင့် ဘေးချင်းယှဥ်၍လမ်းလျှောက်ရင်း နှိုင်းအမြုတေ၏ခံစားချက်တို့မှာ သစ်လွင်နေသည်။ စာအုပ်ထဲရှိအင်အားအကြီးမားဆုံးဗီလိန်ဘော့စ်က ယခုတော့ဖြင့် သူ့အနားကပ်နေလိုက်သည်မှာ ဘော်ဒီဂတ်နှင့်မခြားပေ။ အရှိန်အဝါကြီးမားသော ဤလူ သူ့နံဘေးမှာရှိနေခြင်းဟာ နှိုင်းအမြုတေအဖို့ လုံခြုံစိတ်ချရခြင်းတို့ကို ခံစားမိစေသည်။

ယခုရက်ပိုင်းအတွင်း သူနှင့်စွမ်းစေတမာန်၏ဆက်ဆံရေးသည် အဆင်ချောသည်ထက်ချောလာပြီး ယခုဆိုလျှင် တစ်ယောက်ကိုတစ်ယောက် စိတ်ပေါ့ပါးစွာပြောဆိုဆက်ဆံနိုင်လေပြီ။

ယခုအနေအထားကောင်းမွန်နေသည်ကို မြင်တိုင်း ယခင်နေ့ရက်များတုန်းက ဗီလိန်အားရှောင်ပုန်းဖို့ကြိုးစားခဲ့သည့် သူ၏အမြင်ကျဥ်းသောလုပ်ရပ်များကပင် အရှက်ရစရာဖြစ်လာသည်။ သူသည် အရာရာတွင် တွေးတောချိန်ဆနိုင်ပြီး ထက်မြက်သောလူတစ်ယောက်ဖြစ်ပါလျက်နှင့် တဒင်္ဂမျှအတွေးမှားသွားခဲ့ရသည်။

'ဗီလိန်ကိုရှောင်တော့ရော ပြဿနာငြိမ်းမှာတဲ့လား။ ဒါကမှ တကယ့်ဖြေရှင်းနည်းအစစ်။ ချစ်ခြင်းမေတ္တာငတ်မွတ်တဲ့ဗီလိန်ကို စစ်မှန်ရိုးသားတဲ့နှလုံးသားနဲ့ ဆက်ဆံပေးတာကသာ အကောင်းဆုံးနည်းလမ်းပဲလေ'

နည်းမှန်လမ်းမှန်ကိုရှာတွေ့သွားသော နှိုင်းအမြုတေသည် စွမ်းစေတမာန်ဘက်က သူ့ကို ဘာကြောင့်လိုအပ်ရသလဲဆိုသည်ကို တိတိကျကျမသိရသော်ငြား အန္တရာယ်ဖြစ်နိုင်ဖွယ်ရာမရှိဟု ယုံကြည်ထားသည်။

ပြိုင်ပွဲကျင်းပရာခန်းမထဲသို့ရောက်သော် စွမ်းစေတမာန်က သူ့အား ဘယ်ဘက်ထောင့်နားရှိ Projectတစ်ခုကို သွားကြည့်ကြရန်ဆိုလာသည်။ ပြိုင်ပွဲသည် အဖွဲ့လိုက်ယှဥ်ပြိုင်ရသောပုံစံမျိုးဖြစ်ပြီး Projectတစ်ခုလျှင် အနည်းဆုံးလူငါးယောက်ပါဝင်ထားကြသည်။

ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မိသွားပြီ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin