2

17.6K 288 1
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕


penthouseဆီသို့ရောက်သောအခါပူတူးတစ်ယောက်ဧည့်ခန်းအတွင်းမျက်လုံးလေးများဝေ့ကာကြည့်နေ၏။အခန်းနံရံများမှာအနက်ရောင်ဖြစ်ပြီးပရိဘောဂများများစားစားမရှိပေ။အားလုံးမှာအနက်ရောင်။

ဒီလူကြီးကအနက်ရောင်သိပ်ကြိုက်ပုံ။

"မနက်ဖြန်အချိန်ဇယားတွေအကုန်ဖျက်လိုက်"

"ဟုတ်ကဲ့"

ဆိုဖာအထက်ထိုင်နေသောကောင်မလေးကိုအနောက်လှည့်ကြည့်လိုက်တော့နှုတ်ခမ်းလေးများစေ့ပြီးသူ့ကိုပြုံးကာကြည့်နေလေ၏။

"မင်းတို့ပြန်တော့"

အခန်းထဲလူရှင်းသွားသည်နှင့်ဆေးဘူးယူလိုက်ပြီးနီနေသောဘယ်ဘက်လက်ကောက်ဝတ်ကိုလိမ်းဆေးလိမ်းပေးလိုက်သည်။ပြီးသည်နှင့်သူမခန္ဓာကိုယ်လေးကိုမယူကာသူ၏ပေါင်အထက်ထိုင်စေသည်။

နှုတ်ခမ်းလေးစူကာခေါင်းလေးငုံ့နေသောကောင်မလေးမျက်နှာမှာတစ်ခုခုစိတ်မကောင်းဖြစ်နေပုံ။

စစ်ထက်ဇွဲနိုင်တွေးရခက်သွား၏။

"ဘာဖြစ်တာလဲ"

သူ့ကိုမော့မကြည့်ဘဲခေါင်းသာခါပြသည်။

"မေးနေတယ်"

ဘာမှမဖြေဘဲအသံတိတ်နေဆဲ။

ပုံမှန်ဆိုသူ့အမိန့်ကိုဘယ်သူမှမလွန်ဆန်ရဲကြ။

သူကဖြေဆိုဖြေ။ငြိမ်ဆိုငြိမ်။သို့သော်ဒီတစ်ယောက်မှာသူ့စကားကိုလျစ်လျူရှုရဲနေသည်။

"ရေပြာအာဏာ"

ခန္ဓာကိုယ်လေးသိမ့်ခနဲတုန်သွားသည်ကြောင့်သူ့ရင်ထဲအမည်မသိခံစားချက်တစ်ခုပေါ်လာ၏။

"အခုနကတုန်းကပေါင်ပေါ်ကဆင်းခိုင်းပြီးတော့"

အခုနကတုန်းက?

ကားပေါ်မှအခိုက်အတန့်ကိုဆိုလိုခြင်းဖြစ်မည်။

အစိတ်အပိုင်းတင်းမာနေမှုကြောင့်ပေါင်ပေါ်မှဆင်းခိုင်းခဲ့သည်ကိုဒီကလေးမမရိပ်မိခဲ့။

"ကြည့်ပြီးပြော"

"ဘာလို့ပေါင်ပေါ်ကဆင်းခိုင်းတာလဲ"

ဂွမ်းလုံးWhere stories live. Discover now