6

17.3K 271 16
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕



ကိုယ်ပိုင်လေယာဉ်တစ်စီးမှာငွေရောင်မြို့ပင်လယ်ကမ်းစပ်နားရှိတောင်ကုန်းတစ်ခုပေါ်ဆင်းသက်သွား၏။

စစ်ထက်ဇွဲနိုင်အလုပ်ကိစ္စနဲ့လာရင်နေထိုင်နိုင်စေရန်ဝယ်ယူထားခဲ့သောအိမ်ဖြစ်တာကြောင့်အချိန်ပြည့်အလုပ်သမားများမရှိ။သို့သော်Alphaလာမည်ဖြစ်တာကြောင့်အတွင်းရေးမှူးတစ်ယောက်အိမ်သန့်ရှင်းရေးများငှါးရမ်းပြီးကြိုတင်ရှင်းလင်းထားစေခဲ့သည်။

"ပြောပြီးပြီလား"

အတွင်းရေးမှူးတစ်ယောက်မျက်မှန်ကိုင်းထိပြီးAlphaအမျက်မရှစေမည့်စကားလုံးများကိုအသေအချာရွေးချယ်စဉ်းစားနေသည်။

"ပြောပြီးပါပြီဒါပင်မဲ့Alphaအဏ္ဏဝါကခွင့်မပြုပါဘူး"

စစ်ထက်ဇွဲနိုင်မျက်ခုံးတို့တွန့်သွားသည်ကြောင့်ဒေါသလျော့ကျနိုင်မည့်အဖြေတစ်ခုကိုအတွင်းရေးမှူးအလျင်အမြန်စဉ်းစားလိုက်သည်။

"မမလေးကိုဒီလာခိုင်းလိုက်ရင်ရော"

စစ်ထက်ဇွဲနိုင်အတွေးပွင့်သွားသည်။

"ကားပြင်လိုက် . . . နောက်နာရီဝက်နေရင်ထွက်မယ်"

"ဟုတ်ကဲ့"

အတွင်းရေးမှူးတစ်ယောက်အသက်ရှူချောင်သွားကာလျင်မြန်သောခြေလှမ်းတို့ဖြင့်ထွက်ခွါသွား၏။

စစ်ထက်ဇွဲနိုင်ဖုန်းယူပြီးနာရီကြည့်လိုက်တော့မနက်(၉)နာရီ(၁၂)မိနစ်။

မနေ့ညကညစာစားပွဲပြီးပြီးချင်းညလုံးပေါက်လေယာဉ်စီးကာလာခဲ့ခြင်းဖြစ်သည်။

ရွှေရောင်နဲ့ငွေရောင်မြို့မှာတစ်နိုင်ငံတည်းတွင်တည်ရှိသော်လည်းဝေးကွာသောခရီးကြောင့်လေယာဉ်ဖြင့်သွားရင်တောင်(၁၀)နာရီလောက်ကြာမြင့်သည်။

ဖုန်းထဲရှိgalleryသို့ဝင်လိုက်ပြီးမနေ့ညကပို့ထားခဲ့သောဓာတ်ပုံကိုကြည့်လိုက်သည်။

အောက်နှုတ်ခမ်းကိုကိုက်ကာရှက်နေပုံကမသိရင်သူ့ကိုမြူစွယ်နေသည့်အလား။ဓာတ်ပုံကိုဆွဲကာကြည့်လိုက်တော့ရေးရေးလေးပေါက်နေသောအမွှေးနုတို့ကသူ့အောက်ပိုင်းကိုတင်းကျပ်လာစေသည်။

ဂွမ်းလုံးDonde viven las historias. Descúbrelo ahora