♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
ပါဝင်သောအကြောင်းအရာအချို့သည်အသက်(၁၆)နှစ်မပြည့်သေးသူများဖတ်ရန်မသင့်တော်ပါ
ထမင်းစားခန်းထဲရှိလူအားလုံးမှာကိုးရိုးကားရားဘာလုပ်ရမည်မသိဖြစ်နေသော်လည်းအမျိုးသားတစ်ဦးရဲ့မျက်ဝန်းထဲမှာတော့ဆံမြိတ်ချထားသောမိန်းမငယ်တစ်ဦးရဲ့ပါးဖောင်းဖောင်းတစ်ခုသာကြီးစိုးနေသည်။
"ကိုကိုငါးပိရည်စားလား"
အာဏာမိသားစုတွင်ဒေါ်ပြုံးလဲ့နဲ့ပူတူး(၂)ယောက်သာငါးပိရည်စားသုံးကြပြီးကျန်မိသားစုဝင်များမှာအနံ့ပင်ခံချင်ကြသူများမဟုတ်ပေ။
"မစားဘူး"
မိန်းကလေးရဲ့အပြုံးမှာအနည်းငယ်မှေးမှိန်သွားတာကြောင့်စစ်ထက်ဇွဲနိုင်ချောင်းဟန့်လိုက်သည်။
"အဟမ်း . . . နည်းနည်းတော့စားတယ်"
မိန်းကလေးအပြုံးမှာပြန်လည်တောက်ပလာပြီးစစ်ထက်ဇွဲနိုင်ပန်းကန်ထဲငါးပိရည်အနည်းငယ်စမ်းပေးလိုက်သည်။အမှန်ဆိုသူသည်ငါးပိဆိုအနံ့တောင်ခံချင်သူမဟုတ်။စားဖို့ဆိုပိုဝေးသည်။
သို့သော် ... ။
"ကိုကိုအမဲသားကင်"
"ကိုကိုဝက်သားပေါင်း"
"ကိုကိုဆိတ်သားချက်"
စစ််ထက်ဇွဲနိုင်ပန်းကန်ပြားထက်ဟင်းမျိုးစုံပုံနေသည်။သူသည်ပုံမှန်ဆိုရင်အဆီအစိမ့်သိပ်စားသောလူမျိုးမဟုတ်။ဆီများတဲ့ဟင်းတွေအမြဲရှောင်၏။
ကိစ္စက ... ပန်းကန်ထဲရှိဟင်းတွေကုန်အောင်မစားရင်တစ်စုံတစ်ယောက်အပြုံးများညှိုးသွားလိမ့်မည်။
မနှစ်သက်မှုကိုအောင့်ပြီးစတင်သုံးဆောင်လိုက်သည်။
ထမင်းစားပြီးသောအခါသူ့ခေါင်းတစ်ခုလုံးအီစိမ့်နေသလိုခံစားချက်။အာဏာမိသားစုရဲ့စားသောက်မှုပုံစံမှာစစ်ထက်ဇွဲနိုင်အကြိုက်နဲ့ဆန့်ကျင်ဘက်ပုံစံပင်။
"Alphaအချိုပွဲ—"
"တော်ပြီ"
မျက်စိရှေ့ကအချိုပွဲပုံစံဟာမစားခင်ကတည်းကသူ့ကိုခေါင်းကိုက်စေလာသည်။

YOU ARE READING
ဂွမ်းလုံး
Romance•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "အော်ငိုတဲ့အထိ . . . ဂွမ်းလုံးလေး" ∝ AOBနိုင်ငံရဲ့ထိပ်သီးမိသားစုမျိုးနွယ်အမွေဆက်ခံသူAlphaစစ်ထက်ဇွဲနိုင်။ အသက်(၄၀)သက်တမ်းတစ်လျှောက်ဘဝလက်တွဲဖော်တွေ့တော့မှာမဟုတ်ဟုထင်မှတ်ထားခဲ့ရင်း။ တစ်ရက်။ လိမ္မော်ခွံရနံ့တစ်ခုန...