♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕
ဖုန်းကိုငုံ့ကြည့်နေသောမိန်းကလေးတစ်ယောက်မျက်နှာထက်မှာတော့ပျော်ရွှင်မှုတို့ကင်းမဲ့နေသည်။
"ရေပြာအာဏာ"
စာသင်ခန်းထဲရှိဆရာမနာမည်ခေါ်နေသည့်တိုင်မိန်းကလေးမှာကြားပုံမပေါ်။
"ရေပြာအာဏာ"
ဒုတိယအကြိမ်ခေါ်လိုက်သော်လည်းခေါင်းငုံ့နေဆဲ။
နဖူးအထက်ဆတ်ခနဲနာကျင်မှုကြောင့်စမ်းကြည့်လိုက်တော့မြေဖြူမှုန့်တွေ။
ပြောင်းလဲနေသောလေထုကြောင့်အရှေ့သို့ကြည့်လိုက်တော့ခါးထောက်နေသောမြန်မာစာဆရာမ။
ပူတူးတံတွေးမြိုချလိုက်သည်။
"မတ်တတ်ရပ်စမ်း"
မတ်တတ်ရပ်ပြီးလက်ပိုက်လိုက်၏။
ကျောင်းပြန်တက်တာ(၅)ရက်တိတိရှိခဲ့ပြီဖြစ်သော်လည်းနေရတာအသားမကျသေးပေ။
ရွှေရောင်မြို့သို့မသွားခင်တစ်ပတ်အလိုတွင်အထက်တန်းကျောင်းများပြန်ဖွင့်ခဲ့သည်ကြောင့်ဒီကျောင်းမှာပထမတစ်ပတ်တက်ထားဖူးခဲ့သည်။
သို့သော်ကြားထဲတွင်ရွှေရောင်မြို့သို့သွားခဲ့သည်ကြောင့်ကျောင်းနှင့်အဆက်သွယ်ပြတ်သွားလေ၏။
"ခုံအောက်ကဘာလဲ"
ပူတူးခြေချောင်းတို့ကုတ်လိုက်ပြီးကြောက်ရွံ့စွာဖြင့်ဆရာမကိုကြည့်နေသည်။
"ရေပြာအာဏာ"
"ဖုန်း"
ဆရာမမှာမျက်မှောင်ကြုတ်လိုက်၏။
"စာသင်ချိန်ဖုန်းမသုံးရဘူးဆိုတာမသိဘူးလား"
ပူတူးကြောက်ရွံ့စွာခေါင်းညိတ်ပြလိုက်သည်။
မထုံတက်သေးပုံစံလုပ်နေသောမိန်းကလေးကိုအခန်းပြင်ထွက်ခိုင်းချင်သော်လည်းသူမအဖေနှင့်အစ်ကို(၂)ယောက်မှာမြို့မျက်နှာဖုံးalphaများဖြစ်ကြသည်ကြောင့်စိတ်ကိုအောက်ဆုံးထိလျော့ထားရသည်။
"ပြန်ထိုင် . . . စာသင်နေတာအာရုံစိုက်"
ခုံမှာပြန်ထိုင်ပြီးကျောက်သင်ပုန်းကိုကြည့်နေသော်လည်းအာရုံတို့ကတော့ရွှေရောင်မြို့ရှိအမျိုးသားတစ်ယောက်ထံတွင်ဝဲနေလေသည်။

YOU ARE READING
ဂွမ်းလုံး
רומנטיקה•𝗕𝘂𝗿𝗺𝗲𝘀𝗲 𝗢𝘄𝗻 𝗖𝗿𝗲𝗮𝘁𝗶𝗼𝗻• "အော်ငိုတဲ့အထိ . . . ဂွမ်းလုံးလေး" ∝ AOBနိုင်ငံရဲ့ထိပ်သီးမိသားစုမျိုးနွယ်အမွေဆက်ခံသူAlphaစစ်ထက်ဇွဲနိုင်။ အသက်(၄၀)သက်တမ်းတစ်လျှောက်ဘဝလက်တွဲဖော်တွေ့တော့မှာမဟုတ်ဟုထင်မှတ်ထားခဲ့ရင်း။ တစ်ရက်။ လိမ္မော်ခွံရနံ့တစ်ခုန...