Ch:2

3.2K 423 14
                                    

'ကလေးရှက်တော့ငို ၊ လူကြီးရှက်တော့ရယ်' ဆိုတဲ့စကားပုံတော့ကြားဖူးပေမယ့် သူ့နောက်တကောက်ကောက်လိုက်နေတဲ့ ကလေးမကလူကြီးမကျကောင်လေးကတော့ မွေးကတည်းကရှက်ကြိုးနဲ့ ချက်ကြိုးမှားဖြတ်ခဲ့သည့်နှယ် ဘယ်လိုလျစ်လျူရှုရှုအမှတ်မရှိပေ ။

အခုလည်းကျောင်းရှေ့ကနေစောင့်နေသေးသည် ။ စောင့်နေတယ်ဆိုလို့တည်တည်ငြိမ်ငြိမ်မထင်လိုက်ပါနဲ့...ကျောင်းရှေ့သစ်ပင်ကသစ်ရွက်တွေကို ခြွေချလိုက် ခဲသေးသေးလေးတွေကန်လိုက်နှင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသည် ။

မသိချင်ယောင်ဆောင်ပြီး တိတ်တိတ်လေးလစ်ထွက်မယ်ကြံကာမှမြင်ဖြစ်အောင်မြင်သွားပြီး

"ဂျောင်ဂု!!! ဘာလို့ကျွန်တော့်ကိုမြင်ရဲ့သားနဲ့လှမ်းမခေါ်တာလဲ"

"မခေါ်ချင်လို့ပေါ့ကွာ"

အလိုမကျဟန်ဖြေမိပြန်တော့ ရယ်ပြလာကာ

"ကျွန်တော်နဲ့အနေနီးရင် ဂျောင်ဂုနှလုံးသားလေးပါသွားမှာစိုးလို့ပတ်ပြေးနေတာမလား ။ ပတ်ဂျီမင်းကဒီလောက်တော့သိပါတယ်"

ယ့်ဘက်ကိုယ်ယက်သောလိပ်စကားများပြောလာတာကြောင့် မျက်နှာပူလာကာ

"ပေါက်ကရတွေလျှောက်ပြောမနေဘဲ ကိုယ့်လမ်းကိုသွားတော့"

"ရော့!"

"ဘာလဲ!!"

ခပ်ဆတ်ဆတ်မေးမိတော့ လက်ကိုဆွဲယူကာမနက်ကသူပြန်လုသွားတဲ့ မိုင်လိုဘူးကိုပြန်ထည့်ပေးပြန်သည် ။

"နှလုံးသားချင်းထပ်တူကျသွားအောင် မနက်ကဟာဂျောင်ဂုကိုပြန်ပေးတာ"

"ကလေးကလားနဲ့"

"ကလေးလည်းချစ်တတ်တယ်ဗျ! အထင်သေးလိုက်တာနော်"

"ငါကတော့ကလေးတွေမချစ်ဘူး"

"ကလေးမချစ်တဲ့ဂျွန်ဂျောင်ဂုအတွက် ကျွန်တော်ပတ်ဂျီမင်းကခြွင်းချက်ဖြစ်လာမှာလေ"

စကားတစ်ခွန်းပြောပြီးတိုင်း ပတ်ခနဲပြန်ပြောလာတဲ့သူကြောင့် သူ့ခေါင်းထဲစာတွေကြိုစီထားတာလားဆိုပြီး သံသယတောင်၀င်လာသလို...ထို့နောက်မ၀ံ့မရဲဖြင့် လွယ်အိတ်ကြိုးကိုဆွဲလာတာကြောင့်ငုံ့ကြည့်မိတော့ ပါပီလေးတွေလိုမျက်လုံးအ၀ိုင်းသားဖြင့် မော့ကြည့်နေတဲ့သူကြောင့် မေးမယ့်မေးခွန်းတောင်လည်ချောင်း၀တွင်ပျောက်ရှသွားရသည် ။

Take this milo, now you're half of my heart //Kookmin//✔️Where stories live. Discover now