Christmas Special Extra

513 79 6
                                    

အချိန်တွေ ဥတုတွေပြောင်းလဲတတ်သလို လူတွေကလည်းပြောင်းလဲပြီး အချစ်တွေကလည်း ပုံသေကားကျမရှိဘူးဆိုတဲ့ နိယာမကို ရည်းစားသက်တမ်း ၅ နှစ်ကျော်အတောအတွင်းမှာ လက်မခံချင်ဘဲ လက်ခံလာရသည်။

ကြင်နာထွေးပွေ့မှုတွေအစား ပစ်ပယ်ခြင်းတွေအတွက်လည်း ကိုယ်ကချစ်ရသူမို့ အကြင်သူအား အပြစ်မတင်ရက်ပေ။

အခုလည်း အေးစက်တဲ့ဒီဇင်ဘာဆောင်းနဲ့အပြိုင် အလွမ်းထုထည်ကြီးစွာနဲ့ အိမ်ကြီးထဲ သူတစ်ယောက်တည်းသာ အထီးကျန်လို့နေ၏။ အထီးကျန်မှုအား ပြေလျော့စေရန် အိမ်ရှေ့ထွက်မိပြန်တော့ ခန္ဓာကိုယ်သည် အအေးဒဏ်ကြောင့်တွန့်ခနဲ။

သို့သော် သူထားသွားသည်ထက် ဘယ်အရာကမှပိုမအေးစက်နိုင်.....

"ဘေဘီ သည်လောက်အေးနေတာကို အပြင်ဘာထွက်လုပ်နေတာလဲ!!"

ရင်းနှီးသည်ထက်ပိုသောအသံကိုကြားသည်နှင့် မျက်လုံးများမှိတ်သည်အထိရယ်ပြလိုက်ကာ ထိုလူထံအပြေးလေးသွားကာ ဖက်လိုက်မိသည်။ နှုတ်ခမ်းပါးမှလည်း စကားအချို့အားခပ်ချွဲချွဲဆိုကာ ဂျစ်တိုက်နေသေးသည်။

"ဂျောင်ဂုကဘာလို့ ကျွန်တော့်ကိုထားသွားတာလဲ"

"ဟော ငဂျစ်ကလေးကတော့ကွာ။ ကိုယ်ကမင်းအိပ်နေတာ မနှိုးရက်တာနဲ့ မနက်စာထွက်၀ယ်တာကို သိရဲ့သားနဲ့"

ဟုတ်ပါသည်။ အပေါ်မှာပြောခဲ့သော အလွမ်းဋီကာများသည် ဂျောင်ဂုတစ်ယောက် မနက်စာသွား၀ယ်တုန်း ဒရာမာကင်းလေးလုပ်နေသော ပတ်ဂျီမင်း၏ ပြောင်မြောက်လှသော ဇာတ်ညွှန်းများပင်ဖြစ်သည်။

သို့သော် ချစ်ရသူအား မမြင်ရဘဲ နိုးထလာရသော မနက်ခင်းများသည် မည်မျှအဓိပ္ပါယ်မဲ့ကြောင်း ဂျွန်ဂျောင်ဂုအား ရည်းစားတော်ထားရသော ပတ်ဂျီမင်းလောက် မည်သူမျှသိမည်မထင်ပါ။

"မသိဘူး နိုးနိုးချင်းမတွေ့ရလို့ ဂျောင်ဂုကိုစိတ်ဆိုးတယ်"

"စိတ်ဆိုးတယ်သာပြောတယ် ဖက်ထားတာများ တင်းနေတာပဲ"

"အဲ့တာကအေးလို့"

"အေးတယ်ဆိုလည်း အိမ်ထဲ၀င်ပါ မင်းသားလေးခင်ဗျ။ အပြင်မှာသည်ထက်ကြာကြာနေရင် အအေးပတ်လိမ့်မယ်"

Take this milo, now you're half of my heart //Kookmin//✔️Where stories live. Discover now