"ဂျောင်ဂုပြန်ရောက်နေတာကိုအိမ်ထဲ၀င်မလာဘဲ အိမ်ရှေ့ဘာရပ်လုပ်နေတာလဲ"
အိမ်ရှေ့၀ယ်ရပ်နေသောသားဖြစ်သူကို မစ္စစ်ဂျွန်မေးလိုက်တော့ သားဖြစ်သူနောက်တွင်ကိုယ်ကိုယ်ကွယ်ထားသော ခေါင်းလုံးလုံးလေးတစ်ခုပေါ်ထွက်လာပြီး သွားအကုန်ပေါ်သည်အထိရယ်ပြလာသည် ။
"ဂျီမင်းလေးလည်းပါလာတာလား ၀င်လေကွယ် ။ ဂျောင်ဂုကတော့ကလေးကိုအထဲခေါ်မလာဘူး"
"ကြားတယ်မလား ဂျီမင်း ။ ၀င်လေအထဲကို"
"ဂျောင်ဂုကလည်း..."
ဆိုကာသူ့အိမ်သူ့ယာလိုခပ်စောင့်စောင့်၀င်သွားတဲ့သူကြောင့် ခပ်ဟဟရယ်လိုက်မိ၏ ။ တော်သေးသည်ကမာမီက ဟိုကလေးနှင့်အတူအထဲ၀င်သွားလို့ပင် မဟုတ်လျှင် ရူးနေတာလားဆိုသည့်အကြည့်နှင့် ကြည့်ခံရမည်မှာသေချာသလောက်ပင် ။ အထဲရောက်တော့ ကလေးမကလူကြီးမကျကောင်လေးကိုမတွေ့သည်နှင့် မာမီ့ကိုမေးလိုက်တော့ သူ့အခန်းထဲသွားနေခိုင်းလိုက်တယ်ဆိုလို့ ခေါင်းကိုခပ်သာသာခါကာလိုက်ရပြန်သည် ။ အခန်းတံခါးကိုဖွင့်လိုက်တော့ ချက်ချင်းပြေးလာကာ
"ဂျောင်ဂုအဆင်ပြေပါ့မလား"
အဆက်စပ်မရှိ ခပ်တိုးတိုးမေးလာတဲ့သူကြောင့် စက္ကန့်ပိုင်းမျှ ကြောင်'အ'သွားရသည် ။
"ဘာကိုပြောတာလဲ ဘေဘီရဲ့"
ဘေဘီလို့ခေါ်လိုက်တော့ ချက်ချင်းရဲတက်လာတဲ့ နားရွက်လေးနှစ်ဖက်ကအစ ချစ်ချင်စရာတွေချည်းပဲ ။
"ဂျောင်-ဂျောင်ဂုကမကောင်းဘူးဗျာ ။ ကျွန်တော်ကအတည်ပြောနေတာကို"
"ကိုယ်ကဘာလုပ်နေလို့တုန်းဘေဘီရဲ့...ဟမ် ပြောပါဦး"
"ဟာဗျာ အဲ့လိုဆက်လုပ်နေရင် ဂျောင်ဂုကို....ဂျောင်ဂုကို..."
"ဆက်ပြောလေ ဘာလို့ထစ်နေတာလဲ"
"ဂျောင်ဂုကိုအခုထက်ပိုချစ်မိတော့မှာပဲ"
"စကားတတ်ကလေး ပြောပါဦး ဘာတွေတွေးပူနေတာလဲ"
"ဟို...ဂျောင်ဂုအမေကို ကျွန်တော်တို့အကြောင်းပြောလိုက်ရင်လက်ခံပါ့မလား"
YOU ARE READING
Take this milo, now you're half of my heart //Kookmin//✔️
Fanfiction"ကျွန်တော်ပေးတဲ့ Milo ကိုလက်ခံမလား ကျွန်တော့်နှလုံးသားကိုလက်ခံမလား" "Milo ကိုပဲလက်ခံလိုက်မယ်" "Milo ကိုလက်ခံလိုက်လို့ အခုကစပြီးခင်ဗျားကကျွန်တော့်ရဲ့နှလုံးသားတစ်ခြမ်းဖြစ်သွားပြီ" Genre: Romance , Fluff Start date:03.06.2022 End date:08.06.2022 "ကြၽန္...