Ending

3.4K 412 10
                                    

မနက်ခင်းတိုင်းရောက်လာနေကြ မိုင်လိုဘူးလေးနဲ့ စာရွက်အပိုင်းအစလေးတွေမရောက်လာတာ ၃ ရက်တောင်ရှိသွားပြီ ။ ရင်ဘတ်တစ်နေရာကသိသိသာသာပင်လစ်ဟာနေသလိုခံစားရတာကြောင့် မျက်နှာမှာမရွှင်မလန်းဖြစ်နေတော့သည် ။ သူကိုယ်တိုင်လည်းထို ၃ ရက်အတွင်းတစ်စုံတစ်ခုကိုမျှော်လင့်နေမိတာသူသာသိသည် ။

"ဂျောင်ဂုမင်းဟာလေးလည်းမတွေ့မိပါလား"

"မတွေ့ရင်မတွေ့ဘူးလို့မှတ်လိုက်ပေါ့ကွာ ။ ဘာလို့ငါ့ကိုလာမေးတာလဲ"

"မင်းရုပ်ကလည်းအပူရုပ်ကိုဟန်လုပ်နေတဲ့ရုပ်နဲ့...ကြိုက်နေရင်လည်း ဟိုကလေးကိုပြန်ကြိုက်ပါတော့လား"

"ငါသူ့ကိုမကြိုက်ပါဘူး ။ သူကငါ့ညီလေးတစ်ယောက်လိုပါပဲ"

"မကြိုက်ဘူးသာပြောတယ် ဟိုး...အင်္ဂါဂြိုဟ်ပေါ်ကနေလှမ်းကြည့်ရင်တောင် ဂျွန်ဂျောင်ဂုကပတ်ဂျီမင်းကိုကြိုက်နေတယ်ဆိုတာသိသာနေတာ ။ ဖြတ်လျှောက်နေတဲ့ခွေးကိုသွားပြောရင်တောင် မင်းကိုကိုက်လွှတ်လိမ့်မယ်"

"မင်ဟာ မင်းကငါ့သူငယ်ချင်းလား သူ့ရှေ့နေလား"

"ငါကမြင်တာပြောရုံပဲ မင်းဟာမင်းဘူနေတာကိုငါ့ကိုလာမမည်းနဲ့ ။ အချိန်ဆွဲနေမနေနဲ့နော် မင်းဟာလေးသူများနောက်ပါသွားမယ်"

"ဆောမင်ဟာ ထွက်သွား!!"

မင်ဟာပြောတဲ့စကားကိုအလိုမကျမိတာတော့အမှန်ပင် ကောင်လေးကတခြားတစ်ယောက်နောက်ပါသွားမှာမဟုတ်ဘူးဆိုတာ ကံကြမ္မာဟောစာတမ်းတွေသွားမကြည့်တောင် သိတဲ့ကိစ္စပင် ။ သို့သော်ငြားစိတ်ထဲတွင်တော့မတင်မကျ ။

ခြေထောက်ပြန်မကောင်းသေးလို့လား ။ လမ်းမလျှောက်နိုင်သေးတာလား ။ ဒါမှမဟုတ်ဖျားသွားတာလား ဆိုတဲ့မေးခွန်းတွေကခေါင်းထဲအစီအရီ ။ အိမ်တိုင်ရာရောက်သတင်းသွားမေးရအောင်လည်း သူတို့နှစ်ယောက်ဆက်ဆံရေးကဘယ်လိုခေါင်းစဥ်မျိုးတပ်ရမယ်မှန်းမသိတာတော့ခက်သား ။

မျက်နှာပြောင်တိုက်ပြီးညီလေးလိုသဘောထားတယ်လို့သာ မင်ဟာ့ကိုပြောလိုက်ပေမယ့် သူ့ခံစားချက်တွေကနယ်ကျော်နေနှင့်ပြီဆိုတာ ဘေးလူတွေကအစသတိထားမိသည် ။

Take this milo, now you're half of my heart //Kookmin//✔️Where stories live. Discover now