.........."ဝက်ပုတ်....."
"ရားးးးအဲ့နာမည်ကြီးမခေါ်ပါနဲ့ဆိုဗျာ"
"အဲ့နာမည်နဲ့မင်းနဲ့ပိုလိုက်တယ်လေကွာ မင်းကအစားပုတ်တော့ လူကလုံးကစ်ကစ်လေးဖြစ်နေတာ ဟားးးးး"
"တော်ပြီ ကိုကြီးကို စိတ်ဆိုးတယ် ဟွန့်...."
အဟက် စိတ်ဆိုးတယ်ဆိုပီး ကားမှန်ဘက်လှည့်သွားတဲ့ ယနေ့မှညီတော်လာရတဲ့ ဝက်ပုတ်လေး
"ဟားးးးးဟုတ်ပါပြီကွာ စိတ်တော့မဆိုးပါနဲ့ မနက်ဖြန်လဲ မင်းစားချင်တာအကုန်လိုက်ဝယ်ကျွေးပါ့မယ်ကွာ"
"တကယ်လား...."
မုန့်အသံကြားတာနဲ့ဒီဘက်ချက်ချင်းလှည့်လာပြီးမေးတဲ့အမောင်နယူးဝီ
ခေါင်ငြိမ့်ပြလိုက်တော့ ဘာတဲ့"ကိုကြီးကို အကိုတော်ရတာကောင်းလိုက်တာတဲ့"
ဝက်ပုတ်က ချစ်တော့ချစ်စရာကောင်းသားဘဲဟားးးးး
"ကိုကြီး ကားမောင်းရင်းနဲ့ဘာတေရယ်နေတာလဲ"
ကိုယ့်အတွေးနဲ့ကိုရယ်လိုက်မိတာ အပြင်မှာပါအသံထွက်သွားတော့ ဝက်ပုတ်ကမေးပြီပေါ့ ငလွဲကောင်တေးတဝမ်ရယ်
"အဟမ်း...အင်း ဘာရယ်မဟုတ်ပါဘူး ဒီ ဒီတိုင်ပါဘဲ"
"ကိုကြီးမှာ ရည်းစားရှိလား"
"ဘာလို့မေးတာလဲ"
"ရှိရင် ဖျက်လိုက်လို့ပြောမလို့ သားကိုဘဲရှေ့လျှောက်ဂရုစိုက်"
"အမ် ဘာဆိုင်လို့လဲ"
"မသိဘူး သားဆိုင်ရင်ဆိုင်လိုက် သားကိုညီတော်ထားတယ်မလား အဲ့တော့သားကိုဘဲချစ်သားကိုဘဲဂရုစိုက်ရမယ်"
"ကောင်မလေးရှိရင်ဖျက်နော် ကြားလားကိုကြီး"
"အမ် အေး အေးပါကွာ ဖျက်ပါ့မယ် အဲမှားလို့ ဘယ်သူ့ဖျက်ရမှာလဲ ရည်းစားမရှိဘူးငါ့မှာ"
"အာ့ဆိုလဲ ပြီးရော မထားနဲ့နော် ထားရင်အတွေ့ဘဲ ဟွန့်"
"အော် အေးပါကွာ မင့်သဘော မင့်သဘော"
"အာ အဲ့လိုမပြောရဘူးလေ ဝီ့သဘော ဝီ့သဘောလို့ပြောရတယ် သားနာမည်မှာ မင့်မပါဘူးလေ သားနာမည်က နယူးဝီ ဟီးးးး"
YOU ARE READING
Love For Subtle Shimmer(သိမ်မွေ့တောက်ပသော ချစ်မြတ်နိုးရသူ)
Lãng mạnTayNew💙 OffGun💚 SingtoKrist🧡 BrightWin ❤️