LFSS-1(Zawgyi)

142 5 0
                                    

"သားသားရေ ထတော့လေ ဒီနေ့ကျောင်းစတက်ရမဲ့နေ့ကို နောက်ကျရင်မကောင်းဘူးနော် အခန်းကလဲရှာရအုံးမှာမလား"

"မားမားရယ် အခုမှ အစောကြီးရှိသေးတယ် သားမထချင်သေးဘူး ပြီးတော့kristလဲ ရောက်မလာသေးဘူးလေ မားမားရာ"

"ကဲ ဟုတ်ပါပီ ကိုယ်တော်ချောဝက်ပုတ်လေးရယ် မားလဲဆိုင်ကိုသွားတော့မယ် သားကျောင်းသွားရင် အိမ်တံခါးသေချာပိတ်ခဲ့အုံးနော်"

"ဟုတ်မား"

ဝှားးးးး မားမားနိုးတာနဲ့ဘဲ ပြန်လဲအိပ်မရတော့ဘူး ဟူးးး ကျောင်းစတက်ရမဲ့နေ့ဆိုတော့ ရင်တော့ခုန်သား Scholarshipရလို့သာ ဒီလိုကျောင်းမျိုးတတ်ဖူးတာ ပုံမှန်ဆိုရိုးရိုးကောလိပ်လောက်ဘဲတက်နိုင်မှာ winနဲ့ကျွန်တော်က သာမာန်မိသားစုကဖစ်ပြီး Kristနဲ့Singtoကတော့ ချမ်းသာတဲ့အသိုင်းအဝိုင်းက ကျွန်တော်တို့လေးယောက်က stateကျောင်းကတည်းက ပြောမနာဆိုမနာ လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်းတွေ Krist,Singto,win,ကျွန်တော်တို့လေးယောက်လုံးက ရုပ်ချောသလို စာလဲတော်တယ်လေ အဟိ

အဲ့ထဲမှာမှ ကျွန်တော်က အစားပုတ် ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားလို့ အချစ်ရှိတဲ့ဘက်မှာနေမလားအစားအသောက်ရှိတဲ့ဘက်မှာနေမလားလို့ မေးနေစရာတောင်မလိုဘူး အစားရှိတဲ့ဘက်ပေါ့ အဟိ

"Newရေ Newမသာကောင် အခုထိမထသေးဘူးလား ဘောဘဲ"

ကဲ အဆဲလေးနဲ့လာပါပီ အမောင်Kristတို့က အဲ့ကောင်က Singtoအနားရှိတဲ့အချိန်ဆို ဆဲဖို့မပြောနဲ့တခြားသူကို လေသံမာမာနဲ့တောင်မပြောဘူးဗျာ ဟိုကဘေဘီလို့ခေါ်လိုက်တာနဲ့ ငြိမ်ကုတ်သွားရော ရီတော့ရီရသား အော်ဒါနဲ့လေ Kristနဲ့Singtoကအတွဲတွေဗျ ဟီးးး

ဘဲမရှိတာ အဲလေမှားလို့ ကောင်မလေးမရှိတာ ဟော့ဒီက New Thitipoomဆိုတဲ့ လူချောလေးဗျ လာအိုစီလို့ရတယ်သိလား ဟီးး

"သေနာကောင် ငါခေါ်နေတာကြာပီ ကုတင်ပေါ်မှာ ပြုံးပြုံးကြီး ဘာလဲ အိမ်မက်ထဲမှာ လင်ရသွားလို့လား"

"ဘောဘဲ ငါကအဖြောင့်ကွ အဖြောင့်"

"ဘာလဲ ဂျယ်လီပေတံလိုလား"

"အေး အဲမှားလို့ ငါက သံချောင်းထက်တောင်ဖြောင့်တယ် ဟွန့် ဒါနဲ့ Singtoနဲ့Winကော မလာသေးဘူးလား"

Love For Subtle Shimmer(သိမ်မွေ့တောက်ပသော ချစ်မြတ်နိုးရသူ)Where stories live. Discover now