..............."Gunမင်းနော် ငါ့ထက်ဘယ်သူ့ကိုမှပိုခင်လို့မရဘူးနော် မင်းရဲ့နံပါတ်တစ်နေရာမှာက ငါဆိုတာအမြဲသတိရနေနော် နောက်မှရောက်လာတဲ့သူတွေကို ငါ့ထက်အရေးပေးကြည့် မင်းနဲ့ငါအတွေ့ဘဲ ကြားလား"
"ကြားပါတယ် Pappiရယ် တကယ်ပါဘဲ"
"အခုသူတို့နဲ့မုန့်သွားစားမှာမလား ငါမလိုက်တော့ဘူး ငါ့ကောင်မလေးနဲ့ချိန်းထားလို့"
"အော်..."
"ငါမပါဘူးဆိုပီး အစပ်တွေမစားနဲ့နော် ညကျဗိုက်အောင့်တယ်လို့ ပြောသံကြားကြည့် ပိတ်ကန်မှာ ကြားလား"
"ကြားတယ် သွားသွား အော်ဒါနဲ့ အခုမင်းတွဲဘယ်နှယောက်ရှိနေပီလဲ အတည်တကျထားစမ်းပါကွာ"
"ဟ မထားချင်ပါဘူးကွာ အာရုံနောက်လို့ အကုန်အပျော်တွေချည်းဘဲ"
"အွန်းပါ အွန်းပါ"
"ငါ့ဘဝမှာ Gunမင်းကသာ ငါ့ဘဝမှာ အရေးပါဆုံးလူသား ကြားလား ကျန်တဲ့ အပိုတွေလာလာမမေးစမ်းနဲ့"
"ဘာလဲ မင်းခိုင်းသမျှ အကုန်လိုက်လုပ်ပေးလို့ ငါကမင်းအတွက် အရေးပါနေတာမလား သိသားဘဲ ဟွန့်"
"ဟော အဲ့လိုမဟုတ်ပါဘူးကွာ စိတ်မကောက်ပါနဲ့ ချစ်တယ်လေနော် ငါသွားတော့မယ်ကွာ ငါ့ကောင်မလေးစောင့်နေရမှာဆိုးလို့"
"ဒါနဲ့လေ ဒီတခါ ငါသူ့ကို အတည်ကွ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်"
"အော်......."
အဟက် အတည်တဲ့လား လက်ထပ်ဖို့အထိ ရည်ရွယ်ထားတယ်တဲ့လားကွာ မင်းဘေးနားမှာ အခုချိန်ထိ မငြိုမငြင်ရှိနေပေးတဲ့ ငါ့ကိုကြ ဘာလို့မမြင်တာလဲ ငါအချစ်တွေကိုကျ ဘာလို့မမြင်ရတာလဲ Pappiရယ် မင်းကငါ့ကိုသူငယ်ချင်းတယောက်လိုချစ်နေပေမဲ့ ငါကတော့ မင်းကို ချစ်သူတယောက်လိုချစ်မိတာဗျ
မင်းကောင်မလေးတွေအကြောင်း လာပြောတဲ့အခါ ငါဘယ်လောက်ခံစားနေရလဲဆိုတာ မင်းမသိဘူး မင်းအသဲကွဲလို့ငိုတဲ့အခါတိုင်း ငါပခုံးတဖက်ငှားခဲ့ရတယ် ငါမင်းကြောင့်ရစရာမရှိအောင် အသဲကွဲနေချိန် ငါ့မှာ ငြောင်ထဲမှာကပ်ငိုခဲ့ရတယ်
မင်းကို တဖက်သတ်ချစ်ရတာ မလွယ်ပါ့လားOffရယ်
YOU ARE READING
Love For Subtle Shimmer(သိမ်မွေ့တောက်ပသော ချစ်မြတ်နိုးရသူ)
RomanceTayNew💙 OffGun💚 SingtoKrist🧡 BrightWin ❤️