Part 4

134 15 4
                                    

Jin နဲ့စကားများပြီး အိမ်ကထွက်လာလိုက်တဲ့ Jk တစ်ယောက် ည11ကျော်မှ အိမ်ပြန်လာခဲ့တယ် တစ်ကိုယ်လုံးလဲ စိုရွှဲလို့ သေချာတာကတော့ မိုးမိလာတာပေါ့

Jk ‌တစ်ယောက် အိမ်ထဲဝင်ဝင်ချင်း တစ်ရေးနိုး ရေထသောက်တဲ့ Jin နဲ့တိုးတော့ နဂိုကလဲ အရက်သောက်လာတဲ့အရှိန်ကြောင့်ရော မိုးမိလာတာမို့ ချမ်းလွန်းလို့နှုတ်ခမ်းဖျားတွေပါတုန်ပြီး ဖျားချင်သလိုလိုဖြစ်နေတာရော ပေါင်းပြီး အိမ်ထဲဝင်ဝင်ချင်း နေရာမှာတင်မေ့လဲသွားခဲ့တယ် Jin မှာတော့ သူ့ကလေးလဲကျသွားတာမို့ ကြောင်အ နေရင်းမှ😳 သတိဝင်လာကာ

Sj.ကလေး...ဟာ...တစ်ကိုယ်လုံးစိုရွှဲနေတာပဲ
ဖျားတော့မှာပဲကွာ

Sj တစ်ယောက် Jk ကိုအပေါ်ထိ ခေါ်သွားဖို့ မတက်နိုင်တာကြောင့် သူ့အခန်းထဲမှာပဲ အိပ်ခိုင်းလိုက်တယ် အဝတ်အစားလဲပေးဖို့ အပေါ်တက်ပြီး Jk အင်္ကျီတွေသွားယူဖို့ပြင်နေတုန်း လက်ကိုအတင်းဆွဲထားတာကြောင့် အသာချော့ပြီး ဘီဒို ထဲက သူအင်္ကျီပဲဝတ်ပေးထားပြီး စောင်ခြုံပေးထားလိုက်တယ် အဖျားတက်လာမှာစိုးတာကြောင့် Sj တစ်ယောက် တစ်ညလုံးသူကလေးနားမှာပဲ လက်ကလေးကိုကိုင်ကာ ကုတင်အောင်မှာထိုင်စောင့်နေတော့တယ် မနက် 2 နာရီကျော်တော့ ချမ်းတယ်ဆိုပြီး ငြီးနေတဲ့ Jk ကို သူ့ကိုယ်ငွေ့နဲ့နွေးသွားအောင် သူနားဝင်လှဲပြီးသူ့ကို ဖက်ထားလိုက်တော့ သူရင်ခွင်ထဲတိုးဝင်ပြီး အတင်းပြန်ဖက်ထားတဲ့ သူ့ကလေးလေး သေချာတာကတော့ ဆော့ဂျင် တစ်ညလုံးအိပ်မပျော်ခဲ့ဘူးလေ ဒီအချိန်လေးပဲ သူ့ကလေးလေးနဲ့ အနီးကပ်နေခွင့်ရခဲ့တာကို

တစ်ညလုံး ချမ်းတယ်ဆိုပြီးငြီးနေတာကြောင့်
ဖက်ထားလိုက်တာ မနက် 5နာရီလောက်မှာ မှေးနေရင်း အိပ်ပျော်သွားတဲ့ ဆော့ဂျင်...

‌မနက်ခင်းနေရောင်လေးက ကုတင်ပေါ်မှာ လေဝင်မတိုးနိုင်လောက်အောင်ကို ဖက်ထားတဲ့ သူတို့နှစ်ယောက်အပေါ်‌ကို အနွေးဓာတ်တွေထပ်ပေးနေလေရဲ့...နေအလင်းရောင်ကြောင့် နိုးလာတဲ့ Jk...မျက်လုံးဖွင့်ကြည့်လိုက်တော့ မယုံကြည်နိုင်တဲ့ အကြည့်တွေနဲ့ ခနတာ မှင်သက်နေခဲ့တယ် ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်တော့ သေချာတယ် ဒါသူ့အခန်းမဟုတ်ဘူး

အမှောင်ဖုံးနေသော အမှန်တရားWhere stories live. Discover now