Part 1

174 17 4
                                    

တောင်ကိုရီးယားနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲသူဠေးမိသားစု နှစ်စုရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲလေး

ငယ်ငယ်ကတည်းက မိဘအလိုလိုက်တာခံခဲ့ရတာမို့လို့ ဆိုးသွမ်းနေတဲ့ ပျက်ဆီးနေတဲ့လူငယ်လေး မဟုတ်ပေမယ့် သူဠေးမိသားစုတို့ထုံးစံတိုင်း မိဘတွေက အလုပ်ကလွဲရင် တခြားအရေးတွေကို လှည့်မကြည့်နိုင်ပါဘူး ဒါပေမယ့် မိမိသားလေးလိုအပ်တာမှန်သမျှအကုန်ဖြည့်ဆည်းပေးတက်တဲ့မိဘမျိုးပါ လိုတရနေတဲ့သူဠေးသားလေးဆိုပေမယ့် စစ်မှန်တဲ့ မိဘရဲ့ချစ်ခြင်းမေတ္တာဆိုတာမျိုးကို တောင့်တနေခဲ့သူပါ ငွေ အာဏာ ပါဝါ‌ချင်းပြိုင်နေကြတဲ့အသိုင်းအဝိုင်းထဲက ကြီးပြင်းလာသူမို့ အရာရာငွေနဲ့ဖြေရှင်းတက်သူလေး အသက် 25 နှစ်ရှိပြီဖြစ်တဲ့ Jeon အိမ်တော်ရဲ့တစ်ဦးတည်းသောသားလေး တည်ကြည်ခန့်ညာတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် သားလေးကိုသမက်တော်ချင်လို့ စီးပွားရေးကမ်းလှမ်းလာတဲ့ သူဠေးကြီးတေကလဲ ဒုနဲ့ဒေး သူတို့သမီးတွေဆိုတာကလဲ ဂျွန်အိမ်တော်ရဲ့သားလေးကိုမှ လိုချင်နေတာ ငမ်းငမ်းတက် မာနမင်းသားလေး JEON JUNG KOOK ကတော့လာသမျှမိန်းကလေးတွေကိုရှိတယ်လို့တောင်ထင်

မိသားစုရဲ့နွေးထွေးမှုကိုအပြည့်အရရှိထားပြီးအိမ်ရဲ့အချစ်ခံလေး သူဠေးသားဆိုပြီးမောက်မာတာမျိုးရှိသလိုပါးသူရဲ့အခတ်အခဲတွေကိုလဲ ကူညီဖြေရှင်းပေးတက်သူလေး နူးညံ့နွေးထွေးတဲ့နှလုံးသားပိုင်ရှင်လေးစိတ်ကလေးပဲနူးညံ့တာလား မဟုတ်ပါဘူး သူဠေးသားဆိုတဲ့အတိုင်း လူကလဲပြောစရာရှိအောင် ချောလွန်းလှလွန်းတာပေါ့ နှစ်ခါပြန်လှည့်ကြည့်တဲ့ အလှမျိုးပါ မိဘစကားကိုမြေဝယ်ကျနားထောင်တက်သူလေးပေါ့ လိမ်မာရေးခြားရှိပြီးအားကိုးတဲ့သားလေး Kim အိမ်တော်ရဲ့ တစ်ဦးတည်းသောသားလေး မိဘစကား ကိုနားထောင်ရုံမက မိသားစုတာဝန်ကိုတစ်ဖက်တစ်လမ်းကူညီလုပ်ကိုင်ပေးနေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ company ရဲ့ CEO တစ်ယောက်လဲဖြစ်တဲ့ အသက် 28 နှစ်ရှိပြီဖြစ်တဲ့ Kim Seok Jin

အမှောင်ဖုံးနေသော အမှန်တရားWhere stories live. Discover now