Part 2

130 18 5
                                    

နောက်တစ်နေ့ မနက်.........
အပြင်သွားဖို့ ပြင်ဆင်ပြီးဆင်းလာတဲ့ Jk
မီးဖိုချောင်မှာ ချက်ပြုတ်နေတဲ့ Sj က Jk ကိုမြင်တော့

Sj. ဂျောင်ကု မနက်စာ စားလို့ရပြီ အားလုံးပြင်ပြီးပြီ
Jk. မစားဘူး
Sj.အပြင်သွားမလို့လား
Jk.ကျွန်တော် ဘယ်သွားသွား ခင်များအလုပ်မဟုတ်ဘူး လာဂရုစိုက်ပြမနေနဲ့

ထိုအချိန်...
တီးတောင်...
Jk တစ်ယောက်တံခါးဖွင့်ပေးပြီးတာနဲ့ Jk ကိုဖက်ပြီးနမ်းလိုက်တဲ့ကောင်မလေး တစ်ယောက် သူက...

Sj မှာတော့ ထိုမြင်ကွင်းကြောင့် မျက်ရည်မကျရုံတမယ်ပဲကျန်ပြီ နာကျင်မှုတွေကိုမျိုသိပ်ထားခဲ့တာပေါ့

ကလေးရယ်သူက ဘယ်သူလဲ ကလေးနဲ့က ဘယ်လိုပတ်သက်နေတာလဲ ကိုယ့်နောက်ကွယ်မှာတော့မဖောက်ပြန်ပါနဲ့ ကလေးရယ် ကိုယ်က ကလေးကိုသိပ်ချစ်တာမို့ပါ ကိုယ့်ကိုပြန်မချစ်နိုင်ရင်တောင် ကိုယ့်နောက်ကွယ်မှာမဖောက်ပြန်ပါနဲ့လား ကလေးရယ် နောက်တစ်ယောက် ထားချင်ရင်တောင် အပြင်မှာပဲတွေ့ပါ ကလေးရယ် ကိုယ်တို့ရဲ့ နားခိုရာ နေအိမ်လေးဆီကိုခေါ်မလာပါနဲ့လားကွာ ဒီအိမ်လေးမှာ ကိုယ်နဲ့ကလေးရဲ့ အငွေ့အသက်တွေကို တခြားလူတွေရဲ့ အငွေ့အသက်တွေ မရောထွေးစေချင်လို့ပါ

G.ကိုကို ချယ် လာတယ်
Jk.စောင့်နေတာ
Sj.မိန်းကလေး က ဂျောင်ကု သူငယ်ချင်းလား ကျွန်တော်က Kim Seok Jin ပါ Jk နဲ့လက်ထပ်ထားတဲ့သူပါ သူ့ခင်ပွန်းပေါ့
G.ဒါဆို သူက ကိုကိုပြောတဲ့ 5လပြည့်ရင် ကွာရှင်းမယ်ဆိုတဲ့သူပေါ့
Jk.အင်း 😏 ဟုတ်တယ် အာ့ကြောင့် ဂရုစိုက်မနေနဲ့ သွားမယ်လေ လာ

ကောင်မလေးရဲ့ခါးကိုဖက်ပြီးထွက်သွားတဲ့ Jk တံခါးနားအရောက်မှာ ရပ်လိုက်ပြီး

Jk . ‌ဪ...ဒီနေ့အိမ်ပြန်နောက်ကျချင်ကျမယ် ခင်များစောင့်နေစရာမလိုဘူး စောင့်ချင်စောင့် မစောင့်ချင်နေပါ ကျွန်တော်က ကျေးဇူးတင်နေမာမဟုတ်ဘူး ပြီးတော့...

Jkတစ်ယောက် အနောက်ကိုပြန်လှည့်လာကာ Sj နားကပ်ပြီး

Jk.နောက်တစ်ခါ လူတကာရှေ့မှာ ကျွန်တော့ ယောက်ျားဆိုပြီးလိုက်နှုတ်မဆက်နဲ့ ကျွန်တော်မကြိုက်ဘူး 5လ ပြည့်တာနဲ့ကွာရှင်းကြမှာပဲ လူတကာကို အဲ့လိုလိုက်နှုတ်ဆက်နေစရာမှမလိုတာ😏မဟုတ်ဘူးလား

အမှောင်ဖုံးနေသော အမှန်တရားWhere stories live. Discover now