Part 10

6.2K 451 19
                                    

လှပသည့်မျက်နှာခင်းရဲ့အစပြုရာက နေရောင်ခြည်နွေးနွေးပင်၊သူ့ရဲ့မျက်နှာခင်း အစပြုရာကတော့ ဘေးခန်းရှိ အန်တီပင်...၊

လိုက်ကာစကိုဖယ်ကာ နေရောင်ခြည်ကိုအပြည့်အဝကိုခံစားရင်း မျက်စိတစ်ဆုံးရှိနေသည့်အရာတွေကိုလိုက်ကြည့်နေမိပြန်သည်၊ကျောင်းလွယ်အိတ်ကိုယ်စီနဲ့တက်ကြွနေကြသောကလေးငယ်တွေ၊ပဲပြုတ်သည်၊အိတ်ကိုယ်စီနဲ့သွားလာနေကြသောလူတွေ ပုံမှန်အရာထက်ကိုပိုသည့် အရာတစ်ခုပေါ့...။‌

နောက်ဆုံးအနေနဲ့ခြံထဲကိုဝေ့ဝိုက်ကြည့်မိလိုက်တော့ နှင်းဆီနီ တို့ကအလှဆုံးပွင့်လန်းနေသည်ကိုမြင်တာကြောင့် အန်တီ့အတွက်ခူးရန် ခြံထဲသို့ဆင်းလာခဲ့တော့သည်၊

"နှင်းဆီပန်းတွေကလှတယ်နော် ဒေါက်တာ"

"ဟင့်အင်း...အန်တီကသာ ပိုလှတာ"
နှစ်ခြိုက်စွာပြုံးရင်းကနေ အဖိုးများစွာထိုက်တန်သည့်စကားကို ရဲဝင့်စွာသူပြောလိုက်သည်။

ပထမဆုံးနှင်းဆီနီ၏အရိုးတံကိုကိုင်ကာ ယူလာတဲ့ကတ်ကြေးနဲ့ဖြတ်ဖို့လုပ်တုံး တားဆီးသံတစ်ခုကိုသေသေချာချာကြားလိုက်ရသည်၊

"မခူးနဲ့ က လေး မ!"
မတိုးမကျယ် ပုံမှန်လေသံထက်မာန်ထည့်ကာ ပြောလိုက်တော့ စကားနားထောင်သည့်လက်တွေကအလိုလိုရပ်တန့်သွားတော့သည်၊

"အန်တီ..."

"မခူးရဘူးလေကွယ်..."

"ရှင်.. ချစ်ကအန်တီ့အတွက် ခူးချင်တာပါ"

"ကြည့်လိုက်ပါအုံးကွယ်..."
နှင်းဆီပန်းနားမှာရပ်နေသည့်သူ့အနားကိုလာကာ သူ့ခါးလေးတွေဆီကိုလယ်သွယ်သွယ်လေးတွေက ရောက်လာတော့သည်။

"ဘယ်လောက်လှရက်လိုက်လဲ?... ပန်း‌ဆိုတာအပင်မှာရှိစဉ်အချိန်ကပိုလှတယ်ကွဲ့..."

"အန်တီသာ ပန်လိုက်ရင်ပိုလှမှာကို..."
စိတ်ပျက်လက်ပျက်ပြောလိုက်တော့ လက်တွေကပိုတင်းကြပ်လာလေရဲ့...၊

"အဟွန့်...ဒီအတိုင်းလေးလည်းလှပါတယ် ကလေးမရယ်..."

ရုတ်တရပ်ရွာချလာသောမိုးရေတို့ကြောင့် အန်တီ့လက်ကိုဆွဲကာ အိမ်ထဲကိုအမြန်ပြေးဝင်နေတုံး ဆင်ဝင်အောက်ရောက်ခါနီးတော့...

ချစ်ရပါသော အန်တီ (Completed)Where stories live. Discover now