ည ၁၁ နာရီမှာကြားလိုက်ရသောလေယာဉ်သံကြောင့် အိပ်ရန်ပြင်ဆင်နေသော မကြွယ် တစ်ယောက်အိမ်မကြီးတံခါးကိုအပြေးလေးသွားဖွင့်ပေးလေသည်။
"မမ..."
တံခါးဖွင့်လိုက်သည်နှင့်မပြုံးမရယ်မျက်နှာထားနဲ့မမကိုသာတွေ့ရသည်မို့ ဘေးဘီကိုဝေ့ဝိုက်ကြည့်လိုက်မိသည်။"ဒေါက်တာမလေးရောဟင် မမ..."
ပုံမှန်တည်တင်းနေတဲ့မျက်နှာကပို၍တည်တင်းသွားသဖြင့်သူမေးမိတာမှားသွားသလားလို့တောင်ထင်လိုက်မိလေသည်။
"သူပြန်မလာတော့ဘူး.."
စကားတစ်ခွန်းသာခပ်ပြတ်ပြတ်ပြောရင်းအပေါ်ထပ်ကအခန်းကိုသာပြေးတက်မိတော့တယ်။
လှေကားရင်းတွင်ရပ်စောင့်နေသောအညိုနှင့်ဝေ မှာလည်းမမရဲ့အပြုအမူကြောင့်ကြောင်အမ်းအမ်းရပ်နေမိသည်။
"အစ်မဝေ... အစ်မဝေ"
ကြောင်တောင်တောင်နှင့်ရပ်နေသော အစ်မဝေ ကိုလက်မောင်းကလှုပ်ကိုင်ကာ ခေါ်လိုက်လေသည်။"ဟေ.."
"မမ ဘာဖြစ်လာတာလဲ? "
အလန့်တကြားနှင့်မေးလာသော အောင်ဓနကြွယ်ကိုကြည့်ရင်း အပေါ်ထပ်သို့တက်သွားသော လှသွေးပန်းချီကိုလိုက်ကြည့်မိသည်။"ငါမသိဘူးဟ."
"ဒေါက်တာမလေးကရော?"
"ပါမလာတော့ဘူး။ ပြန်မလာတော့ဘူးတဲ့"
"ဟင်! ထားပါတော့။ မမကိုကျွန်တော်သွားကြည့်လိုက်မယ်။ အစ်မတို့နှစ်ယောက်လည်းအိပ်တော့။"
အစ်မတို့နှစ်ယောက်ဆိုသည့်စကားကိုကြားတော့မှ ဘေးကိုငဲ့ကြည့်မိတော့ သူအသည်းအသက်လေး အညို ပါသူ့ဘေးမှာရပ်နေတာပင်။မျက်တောင်လေးပုပ်ခတ်ပုပ်ခတ်လုပ်နေပုံလေးကအသည်းယားစရာအတိပင်...
ဖြစ်ပျက်သမျှကမြန်ဆန်လွန်းပြီးသဘောမပေါက်နားမလည်သောကြောင့် အောင်ဓနကြွယ်ပြောသလိုနားဖို့သာဆုံးဖြတ်လိုက်တော့သည်။
"အညို..."
"ရှင်... အင်း"
အိပ်ရာဝင်ခါနီးသည့်တိုင် ဘောင်းဘီ၊စကပ်ပ်၊ဂါဝန်လုံးဝမဝတ်တတ်သောသူ၏ရှမ်းမလေးသည် ပင်လုံရောင်ချည်ထမိန်လေးနှင့်ရင်စေ့လက်ရှည်အဖြူရောင်လေးပင်ဝတ်ထားသော်လည်း အရှိန်အဝါကျသွားခြင်းမရှိသလို လှပတင့်တယ်နေဆဲဖြစ်သည်။
YOU ARE READING
ချစ်ရပါသော အန်တီ (Completed)
Romanceကျွန်မခန္ဓာကိုယ်ရဲ့ဘယ်ဘက်ရင်အုံမှာရှိတဲ့နှလုံးသားကတစ်ချက်ခုန်တိုင်း "အန်တီ" လို့မြည်နေတာပါ...။ Start date_21.5.2022 End date_30.4.2023