Part 25 (Zawgyi)

1.2K 27 0
                                    

လွန်ခဲ့သော (၅) နှစ်ခန့်...
အင်ဒိုနီးရှားနိုင်ငံရှိဘာလီကမ်းခြေတွင်ဖြစ်သည်။

Daddy နဲ့ Mommy သည်မြင်းတစ်ကောင်ကိုနှစ်ယောက်စီးနေသည်မို့အနှောင့်အယှက်မပေးချင်တာနှင့်ပင် ကမ်းစပ်သို့သာတစ်ယောက်တည်းလမ်းလျှောက်ထွက်လာမိသည်။ဒီနေ့သည် Daddy နဲ့ Mommy တို့၏ Anniversary ဖြစ်သောကြောင့်ဒီကမ်းခြေသို့အပန်းဖြေရန် မိသားစုလိုက်ရောက်လာခြင်းပင်ဖြစ်သည်။

ပိတုန်းရောင်ဆံကေသာရှည်တွေနှင့်အတူ နှင်းဆီနီရောင် ကြိုးတစ်လုံးဂါဝန်ရှည်ကိုဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် လမ်းလျှောက်ရင်း လေ‌အဝေ့တွင်သူမ၏ဆံကေသာတွေသည်လှပစွာဖြင့်လေယူရာသို့ယိမ်းလျက်ရှိသည်။

မျက်စိတစ်ဆုံးလိုက်ငေးကြည့်မိရင်း လည်ပင်တွင်ဆွဲထားသောကင်မရာအသေးလေးနှင့် ဓာတ်ပုံရိုက်ယူထားရန်လည်း ချစ်ကြိုးသွယ်မမေ့ခဲ့ပါ။

သူမ၏နောက်သို့ကမ်းခြေနီးရှိ hotel တွင်းမှ အမျိုးသမီးနောက်တစ်ဦးသည် ဖုန်း ကိုင်ထားလျက်ပြေးလိုက်လာခဲ့သည်။ထိုအမျိုးသမီးသည်လည်း လှပပါသည်။သို့သော် မမနှင်းဆီလောက်တော့မလှပေ လို့တစ်ဦးတည်းကောက်ချက်ချမိပြန်သည်။

လမ်းလျှောက်ရင်းပင်ရှေ့တွင်ရှိသော ကျောက်ခဲတုံးကိုမမြင်လောက်အောင်အငေးလွန်သွားသောကြောင့် ခလုတ်တိုက်မိကာ မြေပြင်ပေါ်သို့မှောက်လျက်လဲကျသွားတော့တယ်...

"အဆင်ပြေရဲ့လား... ကလေးမ"

မျက်စိရှေ့ရောက်လာသောလက်ဖြူဖြူလေးတစ်ဖက်နှင့်အတူကြားလိုက်ရသော စကားသံသည်ချစ် သောက်ဖူးသမျှ honey တွေထက်ပင်ချိုလေသည်။

"ဟုတ်.. ဟုတ် ပြေပါတယ် မမ...။"

"အဟွန့်.. မမ ဆိုတာထက် အန်တီ ကပိုအဆင်ပြေမယ် ကလေးမ.."
လက်တစ်ဖက်ကိုဆွဲထူရင်းခပ်ပြုံးပြုံးလေးနှင့် ချီ ပြောလိုက်သည်။

"ဟုတ် မမ... အဲ... အန်တီ ကျေးဇူးပါနော်.."

တံတောင်ဆစ်နားတွင်ကပ်နေသောသဲများကိုခါချရင်းမရဲမဝံ့ ရင်တစ်လှပ်လှပ်နှင့် ပြောလိုက်သည်။

"ရပါတယ်ကွယ်။ ကိုယ့်လူမျိုး အချင်းချင်းပဲ ကူညီရတာပေါ့..."

ချစ်ရပါသော အန်တီ (Completed)حيث تعيش القصص. اكتشف الآن