Part 15

5.7K 403 14
                                    

ပြန်ခြင်းမရှိတဲ့ conversation လေးတစ်ခုဆိုပေမဲ့လည်း သတိရကြောင်းစာတွေတော့အဆက်မပြတ်ပို့မိလေသည်။

သူ့အမှားဟာဘယ်အရာလဲဆိုတာကိုကောင်းစွာသိသွားရပြီမို့ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းဆိတ်ဆိတ်သာနေမိပြန်သည်။
...

လွမ်းလှပါ၏...လွမ်းလွန်းလှပြီ...လွမ်းနာကျနေပါပြီ...။

ထိုစကားသုံးခွန်းကသူ့ရဲ့လက်သုံးစကားလိုပင်ဖြစ်နေလေပြီ။

နှစ်ပတ်ကြာခဲ့ပါပြီ။နှစ်ပတ်ဆိုသည့်...အချိန်အပိုင်းအခြားတစ်ခုကသူ့ရင်ကိုဓားနဲ့ကွဲနေသလို၊အက်စစ်‌နဲ့ပက်နေသယောင်၊အစိမ်းလိုက်ဆွဲထုတ်နေသယောင်...စတဲ့စတဲ့ ဒဏ်ရာတွေတစ်ပွေ့တစ်ပိုက်နှင့်သာ...။

အတူပြန်မည့်သူမရှိလို့ ပြန်နေကျအိမ်ကိုမပြန်ဖြစ်သလို...
ခေါ်နေကျ နာမ်စားလေးကလည်း အခေါ်ခံရမည့်လူမရှိ၍စိတ်ထဲမှာမေ့လျော့တောင်နေခဲ့ပြန်ပြီ။

အဆက်အသွယ်အားလုံးကိုဖြတ်ပြီးအဝေး‌တစ်နေရာက *သူမ* ကတော့ပျော်နေခဲ့ပြီလား...

အမြင်တွေဟာလည်းအလွမ်းဓာတ်ကြောင့်ဝေ‌ဝါးခဲ့ပြီလေ။

"ကလေးမ..."

ကြားလိုက်ရသည့်နာမ်စားလေးကြောင့်အိပ်မက်လို့သာထင်မှတ်ပြီး ငုံ့ထားဆဲဖြစ်သည့်ခေါင်းကိုပို၍သာငုံ့ထားလိုက်သည်။

"ကလေးမ..."

ဒုတယံမိထပ်မံကြားလိုက်ရတော့... တစ်သွင်သွင်စီးနေသည့်မျက်ရည်တွေကိုသုတ်‌ရင်းကနေ မော့ကြည့်မိလိုက်သည်။

"..."

"လာပါအုံး...ကိုယ့်ဆီကို"

မြင်ကွင်ထဲရောက်လာသည့်အဖြူလုံးလေး။ဟုတ်ပါသည်။ ပတ္တမြားဆံထိုးလေးနဲ့...သူ့ရဲ့အန်တီ...

"အန်တီ့"

နောက်တစ်ခါထွက်မပြေးနိုင်အောင်ကြိုးနှင့်သာတုပ်ထားလိုက်ချင်သည် လို့တွေးထားပေမဲ့လည်းပစ္စုပ္ပန်မှာတော့ ထိုအမျိုးသမီးကိုတင်းတင်းကြပ်ကြပ်သာဖက်ထားမိလိုက်တော့သည်။

"မငိုရဘူးလေ..."

အမိန့်သံနဲ့ပြောလာတာမဟုတ်ပေမဲ့ သက်ဦးဆံပိုင်ဘုရင်တွေကိုကြောက်ရသကဲ့သို့ ချက်ချင်းသုတ်လိုက်မိသည်။သူ့ချစ်ချစ်ရဲ့စကားတစ်ခွန်းက ထိုကဲ့သို့အကျိုးသက်ရောက်ပါပေသည်။

ချစ်ရပါသော အန်တီ (Completed)Où les histoires vivent. Découvrez maintenant