[Zawgyi]
" သေချာလို့လား ဆောင်းဟွန်း "
ဓာတ်မီးလေးကိုင်ကာ ငိုမဲ့မဲ့ကလေးမေးလာတဲ့ ဂျုံဆောင်း ဟာ လက်တစ်ဖက်က ဆောင်းဟွန်းရဲ့ ရှပ်အင်္ကျီအနားစကို ကျစ်နေအောင်ဆုပ်ထားသေးသည် ။ အခု ဆောင်းဟွန်း တို့ရောက်နေတာ ခြံအနောက်က တောအုပ်လေးထဲ ။ တောအုပ်လေးလို့ပြောတာ တောအုပ်ကြီးမဟုတ်လို့ပါ ။ ဘာမှတွေးမနေနဲ့ ခေါင်းခြောက်တယ် ။ လောလောဆယ် တွေးရမှာ ကြောက်လွန်းလို့ငိုချချင်နေတဲ့ HALO ရဲ့ အဓိကမင်းသားလေး ပတ်ဂျုံဆောင်း ကိုပင် ။ အပြာရောင်ဂျင်းဘောင်းဘီဒူးအထက်လေးရယ် တီရှပ်အဖြူလေးရယ် sneakers အဖြူကလေးရယ် ကိုဝတ်ဆင်ထားတဲ့ ဂျုံဆောင်း က မူကြိုသွားမယ့်ကလေးလေးကျလို့ ။ ရှေ့ကသွားနေတဲ့ ဆောင်းဟွန်း ကတော့ ပျားရည်လုံးလေးကို ဖက်မနမ်းမိအောင် မနည်းထိန်းနေရသည် ။
" ဂျေးကလေး မင်းကြောက်ရင် ကိုယ်တို့အိမ်ပြန်ကြမယ်လေ "
" ဒါပေမယ့် သွားကြည့်ချင်တာပါဆို "
" သေချာလား "
" အွန်း "
" ဒါဆိုရင် ဒီလိုလေးလက်ကိုကိုင် မလွတ်စေနဲ့နော် လွတ်ရင် ထားခဲ့မှာ "
" သိပါတယ် ! "
ထားခဲ့မှာလို့ စနောက်စကားဆိုလိုက်တော့ နှုတ်ခမ်းလေးဆူပြီး မျက်စောင်းထိုးတဲ့ ဂျုံဆောင်း ။ လက်ဖောင်းဖောင်းလေးက ဆောင်းဟွန်း လက်ရှည်သွယ်သွယ်ကြား အံဝင်ဂွင်ကျဖြစ်နေသည် ။ ထိုလက်ကလေးအားကြည့်ပြီး ဆောင်းဟွန်း တွေးမိသည်က ပတ်ဂျုံဆောင်း ဟာ လူကောင်လေးပဲကြီးလာတာ လက်ကလေးတွေကတော့ လေးနှစ်သားအရွယ်တုန်းကလိုပဲ ဖောင်းဖောင်းအိအိကလေး ။ အူယားလိုက်တာ ။
" ဆောင်းဟွန်း ဒီလိုနေရာမှာ တစ်ယောက်ထဲနေရတာ မကြောက်ဖူးလား "
" မကြောက်ပေမယ့်အထီးတော့ကျန်တာပေါ့ "
" ဆောင်းဟွန်း မေမေနဲ့ဖေဖေကရော "
" အင်း ကိုယ်မသိဘူးလို့ ပြောရင် ဂျေး ယုံမှာလား "
ဆက်ပြီးသာမေးနေရင် ဆောင်းဟွန်းအကြောင်းတွေရုပ်မိကုန်မှာစိုးတာမလို့ သက်ပြင်းချလိုက်ခြင်းကို ဂျုံဆောင်း ဟာ တမျိုးတမည်ထင်သွားပုံရသည် ။ လမ်းလျှောက်ခြင်းကို ရပ်လိုက်တဲ့ ဂျုံဆောင်း က တွဲထားတဲ့လက်တွေကိုပါ ဖြုတ်ပစ်လိုက်သည် ။ အတော်လေးကွာခြားတဲ့ ဆောင်းဟွန်း အရပ်ကိုမှီအောင် ခြေဖျားလေးထောက်လျက် ဆောင်းဟွန်း အား လာဖက်သည့် ကလေးငယ်ဟာ သိပ်ကိုဖြူစင်နွေးထွေးလွန်းသည် ။ ဆောင်းဟွန်း ကျောပြင်ထက် အပေါ်အောက်ပွတ်သပ်နေတဲ့ လက်ဖဝါးငယ်လေးကို ထာဝရ ဆုပ်ကိုင်ထားမိချင်သော အတ္တသေးသေးတို့ဟာလည်း ဖြစ်တည်ခံစားလာရသည် ။