*Unicode*
J Letter💌
ဟုတ်တယ် ကိုကိုကမင်းကို ရည်းစားစကားပြောနေတာ
ကိုကိုကမင်းကိုကြိုက်တာ ထပ်ပြောမယ်
ကိုကိုကမင်းကိုကြိုက်ပြီး မင်းကိုရည်းစားစာပေးနေတာ။မင်းရဲ့ကိုကို
..........❣
"ဟက်!"
လော့ကာကိုဖွင့်လိုက်တာနဲ့ အဆင်သင့်ရောက်နေတဲ့ အဝါရောင်စာအိတ်ကလေး။
ဟက်ခနဲရယ်လိုက်မိတာက ချစ်စရာကောင်းလွန်းသော အရေးအသားလေးကြောင့်ဖြစ်သည်။
ရေးထားတဲ့စာတွေအရ ပထမဆုံးစာရတဲ့နေ့က သူနဲ့ဟယ်ချန်းစကားပြောနေချိန် ကိုကိုဆိုတဲ့ပုဂ္ဂိုလ်က အနားမှာရှိနေခဲ့တာဖြစ်နိုင်သည်။
ကြည့်ပါဦး ဖြေရှင်းထားလိုက်တာများ ကလေးသေးသေးလေးကျလို့။
စာကမာန်တွေပါ ပါနေသလိုခံစားရသည်။
ဒီစာကိုရေးနေရင်း ထိုပုဂ္ဂိုလ်ကနှုတ်ခမ်းများစူနေလောက််မလားပဲ။
စိတ်ဝင်စားဖို့ကောင်းလွန်းတယ်။
ထိုပုဂ္ဂိုလ်ကတကယ်ပဲ ဘယ်သူဖြစ်နေလောက်မလဲ။အခုသူဒီစာကိုကြည့်နေချိန်မှာလည်း ထိုလူကသူ့ကိုစောင့်ကြည့်နေလောက်လားဆိုတဲ့အတွေးကြောင့် သူရပ်နေသောနေရာဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ပုံမှန်သာလှုပ်ရှားသွားလာနေသော ကျောင်းသားတွေကြား မူပျက်နေသူရယ်လို့မတွေ့တာကြောင့် လက်လျော့ကာ စာရွက်လေးကိုပြန်ခေါက်သိမ်းထားလိုက်သည်။
လော့ကာထဲကလိုတဲ့စာအုပ်တွေကိုထုတ်ပြီး စာအိတ်လေးကိုစာအုပ်တစ်အုပ်ကြား သေချာညပ်လိုက်သည်။
စာအိတ်နုနုလေးကို တွန့်ကြေသွားမှာမျိုး သူမလိုလားသောကြောင့်။
"ဂျဲနိုမလား..ဟင်?"
ပုခုံးကိုတစ်ချက်လာပုတ်သောအထိအတွေ့နှင့် နောက်ကျောဘက်ကထွက်လာသောအသံသေးသေးလေးကြောင့် လော့ကာတံခါးကိုပိတ်ပြီးလှည့်ကြည့်လိုက်သည်။
YOU ARE READING
Love Letters
Fanfictionကိုကို့ရဲ့အချစ်တွေကို စာလွှာလေးမှတစ်ဆင့်ပို့ပေးလိုက်ပါ့မယ် ကောင်လေးရေ မင်းရဲ့ကိုကိုဆီမှစာလာတယ်💌 ကိုကို့ရဲ့အချစ်တွေကို စာလွှာလေးမှတစ်ဆင့်ပို့ပေးလိုက်ပါ့မယ် ကောင်လေးရေ မင်းရဲ့ကိုကိုဆီမှစာလာတယ်💌 Fic Cover By Merries_Zen💛 《 Start Date : 28 May 2022