*Unicode*
သူ့မျက်စိရှေ့မှာ ခြေချိတ်၊လက်ပိုက်လျက် ရှင်းစမ်းပါဦးဆိုသော မျက်နှာပေးနှင့်ထိုင်နေသည့် လူသားကြောင့် သူ့မှာပူအိုက်ကာ အနေကျပ်လာသည်။
ချွေးပြန်လာသဖြင့် Tissue Boxထဲက တစ်ရှူးကိုထုတ်ကာ နဖူးပေါ်ကချွေးစက်တွေကို သုတ်လိုက်သည်။
"ကျွန်တော့်ကို ဒီကိစ္စလေးမရှင်းပြချင်ဘူးလား အစ်ကိုနာဂျယ်မင်းနီး"
"မရှင်းပြချင်ပါဘူး"
"ဘာ?"
တိုးတိုးလေးရေရွတ်တဲ့သူ့စကားကို မရှင်းသလိုအမေးပြန်ထုတ်သဖြင့် ခေါင်းခါပြလိုက်သည်။
သူကတကယ်ကြီး မရှင်းပြချင်ပါဘူး။
ဘယ်သူကကော ဒီလိုကိစ္စ၊ ဒီလိုအခြေအနေကို ရှင်းပြချင်မှာလဲ။ရှက်စရာ. .။
ဒီလူကမေးလည်းမေးတတ်တယ်။"ကျွန်တော်ကူညီပေးမယ်. ."
"ဘာ?"
ဒီတစ်ခါပြန်မေးရသူက သူဖြစ်လာတယ်။
နားမရှင်းတာမဟုတ်သော်လည်း တကယ်ကိုနားမလည်တာ။
"အစ်ကိုဂျယ်မင်း ကျွန်တော့်သူငယ်ချင်းကိုပိုးတဲ့နေရာမှာ ကျွန်တော်ကကူညီပေးမယ်"
"အွန်. ."
"မွေးကတည်းကမကျွတ်သေးတဲ့ ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ကချွတ်ပေးချင်လွန်းလို့ပါ"
အားတက်သရောပြောနေတဲ့ သူ့ရည်းစားမဖြစ်သေးတဲ့ ရည်းစားလေးရဲ့သူငယ်ချင်းကို သူကယုံကြည်လိုက်မိတယ်ထင်တယ်။
"ဒီတိုင်းစာခိုးပေးနေရုံလောက်နဲ့တော့ သူကအစ်ကိုဂျယ်မင်းကို ပြန်ကြိုက်လာမှာမဟုတ်ဘူး"
"ဒါမဲ့ ဒါက. ."
"ရှူး ရှူး..စာမပေးနဲ့တော့လို့ ပြောတာတော့မဟုတ်ဘူး အဲ့ဒိတ်အောက်နေတဲ့နည်းလမ်းကြီးကို လုပ်ချင်သပဆိုလည်းလုပ်ပါ နောက်ပြီးကျွန်တော်ပြောတာတွေလည်း လိုက်လုပ်ပေါ့"
ဒါကဒိတ်အောက်နေတဲ့ နည်းလမ်းကြီးမဟုတ်ပါဘူး!
ရိုမန့်တစ်ဆန်တဲ့ နည်းလမ်းလေးပါ!စိတ်ထဲမှာဟစ်ကြွေးရင်း သူကဟယ်ချန်းကို မျက်စောင်းပါထိုးပစ်လိုက်တာ။
YOU ARE READING
Love Letters
Fanfictionကိုကို့ရဲ့အချစ်တွေကို စာလွှာလေးမှတစ်ဆင့်ပို့ပေးလိုက်ပါ့မယ် ကောင်လေးရေ မင်းရဲ့ကိုကိုဆီမှစာလာတယ်💌 ကိုကို့ရဲ့အချစ်တွေကို စာလွှာလေးမှတစ်ဆင့်ပို့ပေးလိုက်ပါ့မယ် ကောင်လေးရေ မင်းရဲ့ကိုကိုဆီမှစာလာတယ်💌 Fic Cover By Merries_Zen💛 《 Start Date : 28 May 2022