Love Letters

555 74 4
                                    

*Unicode*

M Letter💌

ဂျဲနို လီ!!! ကိုကိုကမင်းကို တအားသဘောကျတာပဲ
မင်းပြုံးရင် တအား တအားချစ်စရာကြီး
ကိုကို့မှာရင်ခုန်တာ ရူးမလိုပဲ။

နောက်ဆိုတအားချစ်ဖို့ကောင်းအောင်မပြုံးနဲ့
မင်းကကိုကို့အပိုင်လေးဖြစ်မှာကို တစ်ခြားသူတွေ သဘောကျအောင်မနေနဲ့တော့!!!

မင်းရဲ့ကိုကို

..........❣

ဒီနေ့ကဗုဒ္ဓဟူးနေ့....

ဒီအပတ်စကတည်းက ရလာခဲ့တဲ့အဝါရောင် စာအိတ်ကလေးတွေ။

မနက်ကသူထက်ကြိုပြီး သူ့လော်ကာထဲ ထပ်ပြီးအဆင်သင့်ရှိနေခဲ့တဲ့ စာအိတ်လေးကို တိုက်ခန်းပြန်ရောက်ချိန်မှာ ဖွင့်ကာဖတ်ကြည့်မိပြန်တာ ဒီနေ့အတွက် ဘယ်နခါမြောက်မှန်းမသိတော့။

လူတိုင်းရေးနိုင်တဲ့စာ လူတိုင်းပြောနိုင်တဲ့စကားတွေပေမဲ့ ဘာလို့သူ့ကိုများ ဆွဲဆောင်နေနိုင်ရတာလဲ။

ဖတ်မိတဲ့အချိန်တိုင်း သူ့ကိုပြုံးစေတယ်အထိ ဒီစာလေးတွေက စွမ်းဆောင်နိုင်တာ အံ့ဩစရာ။

အထဲမှာရေးထားမယ့် စာကိုတောင်မဖတ်ရသေးဘဲ အဝါရောင်စာအိတ်ကလေးကို မြင်ရုံနဲ့တောင် ပြုံးမိခဲ့ရတာလည်း သူ့အသိ။

သိမ်းနေကျ သူ့စာကြည့်စားပွဲပေါ်က ဗူးလေးထဲကို နေရာတကျထပ်ရောက်သွားသော သုံးခုမြောက်အဝါရောင်စာအိတ်ကလေး။

ခပ်သင်းသင်းအနံ့လေးက ဗူးအဖုံးလေးအဖွင့်မှာ သင်းပျံ့လျက် သူ့ဆီလာနားခိုသည်။

ရင်းနှီးနေပြီဖြစ်တဲ့ဒီအနံ့လေးက သူ့အတွက်သဘောကျဖွယ်ရာလေး။

နှာခေါင်းဖျားဆီ လာကျီစယ်နေသောအနံ့လေးကို အားပါးတရရှိုက်သွင်းလိုက်ပြီး ဗူးအဖုံးလေးကိုပြန်ပိတ်လိုက်သည်။

တဒုတ်ဒုတ်ခုန်လှုပ်နေသော ဝဲဘက်အခြမ်းကအရာလေးက ခပ်သိမ့်သိမ့်။

"အိပ်မက်လှလှမက်ပါစေ အဝါရောင်စာအိတ်ပိုင်ရှင်လေးရေ.."

Love LettersWhere stories live. Discover now