*Unicode*
First Mission : Care
"နံပါတ်တစ်အချက်..ကိုယ်သဘောကျနေတဲ့သူကို ကောင်းကောင်းကရုစိုက်ပေးတာက ကောင်းတဲ့အချက်ပဲ အဲ့တာကတစ်ဖက်လူကိုလည်း ရင်ခုန်စေလိမ့်မယ်..အဲ့တာကြောင့် ပထမဆုံးအစ်ကိုဂျယ်မင်းလုပ်ရမှာက အီဂျဲနိုကို သူများနဲ့မတူအောင် ကောင်းကောင်းကရုစိုက်ပေးရမှာပဲ လုပ်နိုင်လား"
. . . ။
အဲ့နေ့ကဟယ်ချန်းရဲ့စကားကို ခေါင်းညိတ်ခဲ့မိပြီး ညက ကျောင်းစာအုပ်ကိုဖွင့်ထားလျက် ဘယ်လိုကရုစိုက်ပေးရမလဲကို ကောင်းကောင်းကြီးစဥ်းစားလို့ ဂျယ်မင်းကအိပ်ရေးတွေပျက်ခဲ့တာ။
မနက်ခင်းမှာတော့ သိသိသာသာညိုမည်းနေတဲ့မျက်ကွင်းတွေနှင့် တက်တက်ကြွကြွကျောင်းကို လျှောက်လာနေတဲ့သူ့လက်ထဲမှာတော့ တစ်ဖက်ကကော်ဖီတစ်ခွက်နှင့်။
တစ်ဖက်ကပေါင်မုန့်ကြက်ဥကြော်နွေးနွေးလေးနှင့် အဝါရောင်စာအိတ်ကလေး။
သူ့ရဲ့ရင်တွင်းဖြစ်တွေ ချရေးထားတဲ့ဒီစာလေးက သူနဲ့အချစ်ကြားက ပေါင်းကူးတံတားလေးဖြစ်သည်။
မနက်ခင်းစောစော ရှင်းလင်းတိတ်ဆိတ်နေသော ကျောင်းလမ်းလေးက သူ့အတွက်တော့ အမြဲတမ်းရင်ခုန်ရာနေရာတစ်ခုဖြစ်သည်။
ပထမဆုံးအချစ်လေးကို စာပေးဖို့ကြိုးစားတဲ့နေ့က ခံစားချက်ကို သူအခုထိမှတ်မိနေဆဲ. . ။
လူမိမှာကိုကြောက်သောစိတ်တွေနှင့် လောကာကြားထဲ အတင်းထိုးထည့်ခဲ့ရသည့် အဝါရောင်စာအိတ်လေးက သူ့ဘဝမှာပထမဆုံး သူတစ်ပါးကို ပေးဖူးသောစာဖြစ်သည်။
လီဂျဲနိုဆိုတဲ့အချစ်နဲ့တွေ့မှ တစ်သက်မှာတစ်ခါမှ မလုပ်ဖူးသောအရာတွေတောင် လုပ်ရလို့ သူ့ရဲ့နေ့စဥ်ဘဝတွေက ပြောင်းလဲလာလို့။
ကောင်းသောပြောင်းလဲခြင်းတွေနှင့် အချစ်ရဲ့နှလုံးသားကိုလည်း သူကအပိုင်သိမ်းပစ်မှာ။
စိတ်ထဲအပြတ်အသတ်ကြွေးကြော်ရင်းက လောကာကြားထဲ စာအိတ်လေးကို ထိုးထည့်လိုက်သည်။
ရှင်းလင်းနေတဲ့ကျောင်းလမ်းလေးက သူ့ရဲ့တိတ်တဆိတ်စာပေးမှုကို အထောက်အကူပြုလို့။
YOU ARE READING
Love Letters
Fanfictionကိုကို့ရဲ့အချစ်တွေကို စာလွှာလေးမှတစ်ဆင့်ပို့ပေးလိုက်ပါ့မယ် ကောင်လေးရေ မင်းရဲ့ကိုကိုဆီမှစာလာတယ်💌 ကိုကို့ရဲ့အချစ်တွေကို စာလွှာလေးမှတစ်ဆင့်ပို့ပေးလိုက်ပါ့မယ် ကောင်လေးရေ မင်းရဲ့ကိုကိုဆီမှစာလာတယ်💌 Fic Cover By Merries_Zen💛 《 Start Date : 28 May 2022