Intro
Zgy..
တစ်ခုသော နွေရာသီကျောင်းပိတ်ရက်တွင်ဖြစ်သည်။ ပင်လယ်တွေ ရှိတဲ့ ဉီးလေးတို့ဆီ ချန်းယောလ်တို့ ပြောင်းသွားရတုန်းကဖြစ်သည်။ ချန်းယောလ်တို့ ဆိုတာထက် ချန်းယောလ်ကိုပဲ လာပို့တာမျိုးပါ။
အဲ့ဒီအချိန်တုန်းက ချန်းယောလ် အသက် ၇ နှစ် ။ စကိတ်ကို အလွန်အကျွံ စွဲလမ်းနေပြီး ချန်းယောလ်က နဲနဲ မာနကြီးတဲ့ ကောင်လေး ဖြစ်နေတဲ့အချိန်ပေါ့။ ပြောမယ့်သာ ပြောရတာပါ ချန်းယောလ်က ဘယ်တုန်းကမဆို မာနကြီးတာပါပဲ။
သူဋ္ဌေးသားတွေလို ဆံပင်ကို ပိနေအောင် လှန်တင်ထားပြီ ဈေးကြီးကြီးဂျက်ကတ်ကို ဝတ်ထားတယ်။ ပြီးတော့ သူ့လက်မှာ စကိတ်ဘုတ်လေးတစ်ခုကို အပြားလိုက် ကိုင်ပြီး ကားအကောင်းစားကြီးပေါ်က ဆင်းခဲ့တဲ့ အချိန် သဲပြင်မှာ အိမ်ဆောက်နေကြတဲ့ ကလေးတွေရဲ့ အာရုံအလုံးစုံဟာ အဲ့ဒ်ီမြို့ကြီးသားဆီမှာ နစ်မြောသွားတယ်။ အဲ့ဒီအထဲမှာ ဘတ်ဟျွန်းလဲ ပါခဲ့တယ်။
ဘတ်ဟျွန်းက ပင်လယ်မှာ နေတာမွေးတည်းကပါပဲ။ ဘတ်ဟျွန်းက အဖေနဲ့နေပြီး အမေကတော့ ဘတ်ဟျွန်းလဲ ပြောစကားသာသိရတာဖြစ်တယ်။ ဘတ်ဟျွန်းသိသလောက်တော့ အမေက သိပ်လှ သိပ်တော်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ဘတ်ဟျွန်းကတော့ အဖေနဲ့တူဟန် တူပါတယ်။ မျက်ဝန်းမှေးမှေးလေးမှာ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ပြီးတော့ ဖောင်းနေတဲ့ ပါးနှစ်ဖက်က ပင်လယ်ဒေသမို့ ရာသီမရွေး နီစွေးနေတတ်တာကြောင့် တော်တော်လေး ကြည့်ရဆိုးတဲ့အထဲ ပါသည်။ အမေက ဘတ်ဟျွန်း ၃ နှစ်သားလောက်မှာ ပျောက်သွားခဲ့တာလို့ ပြောသံကြားပြီး ဘတ်ဟျွန်းတော့ အမေ့မျက်နှာကို ရေးရေးလေးလောက်တောင် မမှတ်မိတော့ဘူး။
အဲ့တာတွေကို ဘတ်ဟျွန်းက နည်းနည်းလေးမှ သိပ်စိတ်မဝင်စားပါဘူး။ ဘတ်ဟျွန်းစိတ်ဝင်စားတာက ဘတ်ဟျွန်းတို့ အိမ်နဲ့ သုံးလမ်းကျော်က ဆိုဟွာဆိုတဲ့ မမကိုပဲ ။ ဘတ်ဟျွန်းတို့ ပင်လယ်ဒေသက ကလေးတွေအကုန်လုံး မမဆိုဟွာကို စိတ်ဝင်စားကြတာပါပဲ။ ဘာလို့ဆို မမက သိပ်လှတယ်လေ။ အမြဲတမ်းရှူးဖိနပ်လေးကို ဇာနားပါခြေအိတ်လေးနဲ့ တွဲဝတ်ထားတတ်ပြီး ငါးနံ့မရှိတဲ့ တစ်ဉီးတည်းသော မိန်းမလှလေးဟာ မမပဲ။ မမလက်ထဲမှာ အမြဲတမ်းလိုလို တယောလေးတွေ့ရပြီး ဘတ်ဟျွန်းတို့လို ကလေးတေ သဲတွေနဲ့ ပေတလူးနေအောင်ဆော့နေချိန်ဆိုရင် မမက မနီးမဝေးက ဒန်းလေးပေါ်မှာ တယောလေးထိုးနေတတ်တယ်။ ပြီးရင် ဘတ်ဟျွန်းတို့ကို ဂျယ်လီလေးတွေ လာပေးပြီး ပြန်လိမ့်မယ်။ ပြောပါတယ် မမက သိပ်ချစ်စရာကောင်းပါတယ်လို့။
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????