Zgy
Mine 7
ဝမ်းနည်းစရာ ဇာတ်ဝင်ခန်းတွေထဲကလို အဲ့ဒီနေ့က မိုးဟာ သည်းသည်းမဲမဲ ရွာမနေခဲ့ဘူး။ မှိုင်းညို့နေတဲ့ ရာသီဥတုနဲ့ တစ်စုံတစ်ခုကိုလဲ ဘတ်ဟျွန်း ကြိုတင်မခံစားမိခဲ့ဘူး။ ကျကွဲသွားတဲ့ ဖန်ကွဲစတွေလဲ မရှိခဲ့သလို နှင်းဆီပန်းရဲ့ ဆူးနဲ့လဲ မညှိခဲ့ဘူး။ ဒီအတိုင်း လုံးဝကို သာမန်ဆန်တဲ့ နေ့ရက်မျိုး။
ခါတိုင်းလိုပဲ ဘတ်ဟျွန်းက ချန်းယောလ်ဆီသွားပြီး အလုပ်ရှုပ်နေခဲ့တယ်။ ပြီးတော့ ဒီနေ့ ဘတ်ဟျွန်းတို့ရဲ့ ပျောက်ဆုံးသွားတဲ့ ငါးဖားလောင်းတွေအကြောင်းကို သိခွင့်ရတယ်။ ပျောက်ဆုံးသွားတဲ့ အဲ့ဒီသတ္တဝါလေးတွေဟာ ဖားလေးတွေအဖြစ် လိုရာသွားလိုက်ပြီး သူတို့ မျှော်လင့်ဖူးတဲ့ ငါးလေးတွေအဖြစ် ဘယ်တော့မှ ပြန်မလာနိုင်ဘူးဆိုတာပါပဲ။
"ချန်းယောလ် ဒါဆို ဉီးလေးကြီးက ငယ်ငယ်က ပြောပြနေကျ ဖိုးလမင်းထဲက ယုန်တွေကလဲ အလိမ်တွေပဲပေါ့။"
"အင်း ငယ်ဘဝက အရာအများစုက အကုန် အလိမ်အညာတွေ ပြည့်နေတာ"
"ဝါးးး မတရားလိုက်တာ"
"မင်းအိမ်သွားမယ် အဖေ လုပ်ပေးထားတဲ့ ငါ့အတွက် စကိတ်ဘုတ်ကို မင်းသိမ်းထားတာဆို"
"အင်း"
"အဲ့တာပြန်ပေးတော့ ကောင်စုတ်လေး"
"အောင်မာ မင်းကမှ လူလိမ်ကောင်လေ အဲ့တုန်းက ဒီမှါကျောင်းတက်ဖို့လာတယ် ဆိုတာ ဘာလို့မပြောလဲ"
"သေချာပေါက် မင်းကိုပြောပြရမယ့် အကြောင်းအရင်းရှိလို့လား "
"အဲ့တာကတော့"
"မင်းကသာ ငါကျောင်းအပ်မှန်းသိလို့ မပေးတော့တာများ"
"ဘာပဲဖြစ်ဖြစ် ငါဒီနေ့ အကြွေးကျေပြီနော် မနက်ဖြန်ကစလို့ ငါလွတ်လပ်ပြီ
လာခိုင်းကြည့် ငါနဲ့တွေ့မယ်"မကြားချင်ယောင်ဆောငိရင်း လမ်းလျှောက်နေသူက ပင်လယ်တွေကို ငေးနေခဲ့တယ်။ သူ့မျက်ဝန်းထဲမှာ ပကတိကြည်လင်ကင်းရှင်းနေခဲ့တယ်။
"အဖေ့ သားတို့ ပြန်ရောက်ပါပြီ"
ဧည့်ခန်းမှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ အဖေက ဘတ်ဟျွန်းအော်သံကြောင့် မနိုးသွားဘူး။ ပွက်ပွက်ဆူတည်ထားတဲ့ မိယောဂုအိုးလဲ မချရသေးဘူး။ ဒီနေ့က အဖေနှစ်တိုင်း မမေ့မလျော့ ကျင်းပတတ်တဲ့ အမေ့မွေးနေ့...
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????