Zgy
Mine 6
အဲ့ဒီလိုနဲ့ မရိုက်ချိုးဖြစ်လိုက်တဲ့ ဘတ်ဟျွန်း အခန်းထောင့်က စကိတ်ဘုတ်လိမ္မော်ရောင်လေးရယ်...
ဘတ်ဟျွန်း ညနေတိုင်းသွားကြည့်ပေမယ့် ငါးဖြစ်မလာခဲ့တဲ့ ငါးဖားလောင်းလေးတွေရယ်....
ပြီးတော့ ပဟေဋ္ဌိဆန်စွာ ပျောက်ဆုံးသွားခဲ့တဲ့ ဘတ်ဟျွန်းတို့ ကြိုးစားဖမ်းခဲ့ရတဲ့ အဲ့ဒီ ငါးဖားလောင်းလေးတွေရယ် နဲ့ ကျောင်းဖွင့်ရက်ဟာ အဲ့ဒီလို သာမန်ဆန်စွာပဲ ရောက်လာခဲ့တယ်။ကျောင်းဝတ်စုံဝတ်ထားတဲ့ ဘတ်ဟျွန်းရဲ့ ပုံရိပ်က မှန်ပေါ်မှာ အတိုင်းသား။ တစ်ခုပဲ။ အဲ့တာကတော့ ဘတ်ဟျွန်းတစ်ယောက် မှုန်ကုပ်နေရခြင်း။
အကြောင်းခံဟာ ဆိုလ်းကနေပြောင်းရွှေ့ကျောင်းသားအဖြစ် ဘတ်ဟျွန်းနဲ့ တစ်ခန်းတည်းရောက်လာမယ့် အဲ့ဒီမြို့ကြီးသား စိတ်ပုပ်လေးကြောင့်။
ကိုးနာရီမှ တက်မယ့် ကျောင်းကို ၈ နာရီမထိုးခင်တည်းက ပြင်ဆင်နေရပြီး ထိုမြို့ကြီးသား အခိုင်းတော်ခံဖို့ ဘတ်ဟျွန်း လမ်းထိပ်က အိမ်လေးဆီ ကျောပိုးအိတ်လေးကိုင်လို့ အပြေးသွားရတော့တယ်။
ပါးစပ်ကလဲ အလိုမကျသံတို့ တောက်လျှောက်ကို ရေရွတ်နေသေးတယ်။"ချန်းယောလ် ငါရောက်ပြီ.."
အသံကြားတာနဲ့ ထွက်လာတဲ့ ချန်းယောလ်က လွယ်အိတ်ကို ဘတ်ဟျွန်းဆီပစ်ပေးပြီး ဘတ်ဟျွန်းလက်ထဲက ဆန်းဒဝှစ်ရှ်ရယ် နွားနို့ဘူးရယ်ကို သူကလွှဲပြောင်းယူလိုက်ပါတယ်။
"ဟွန့်.."
တမင်အသံထွက်အောင် မဲ့ရွဲ့လိုက်ပေမယ့် သူကတော့ မကြားချင်ယောင်ဆောင်တာလား မကြားတာလား မသိပေ ။ နည်းနည်းလေးတောင် ငဲ့စောင်းမလာခဲ့။ ဘတ်ဟျွန်းရဲ့ အလယ်တန်းဟာ အဲ့ဒီလိုပုံစံမျိုးနဲ့ အစပျိုးပါတယ်။
"ချန်းယောလ် ငါ့ကို စောင့်ဉီး"
ခြေလှမ်းကျဲကြီးတွေ လှမ်းတတ်တဲ့ သူခြေလှမ်းတွေကို အမှီလိုက်ဖို့ ကျောပိုးအိတ် ရှေ့တစ်အိတ် နောက်တစ်အိတ်နဲ့ ဘတ်ဟျွန်း အပြေးတပိုင်းလိုက်ရပါတယ်။ သူကတော့ သူ့အရှိန်အတိုင်း နည်းနည်းလေးတောင် မလျော့...
တမင်ကို ဘေးချင်းကပ်လာထိုင်တဲ့ ချန်းယောလ်ကြောင့် အတန်းထဲ စာသင်ချိန်မှာတောင် ဘတ်ဟျွန်းမလွတ်လပ်တော့...
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????