1

46.4K 1.6K 242
                                    

Unicode

" ဆိုင်  " အဟောင်းပြင်ဆိုင် ။

ဖေကြီး ရဲ့ ခပ်သော့သော့လက်ရေးတွေကိုမှ နောက်ခံသစ်သားပြား  က အညိုရောင် ခပ်မှိုင်းမှိုင်းဆိုတော့ TV ထဲမှာ မြင်ဖူးတဲ့  အရင်ခေတ်က အဟောင်းဆိုင်အို လေးတွေကိုတောင် သူ သတိရသွားတယ် ။

ပြီးမှ ဆိုင်းဘုတ်နာမည်ကြီးကို ကြည့်ပြီး နှာခေါင်းရှုံ့မိသည် ။

ဘယ်နှယ့် ဖေကြီး က ပေးလည်း ပေးတတ်တယ် ။

သူမျက်နှာမဲ့လိုက်သော တပ်ထားတဲ့ အညိုရောင် ကိုင်းနဲ့  ပါဝါထူထူမျက်မှန်က နှာခေါင်းပေါ် ကို လျှောကျလာသည် ။

" အဟောင်းပြင်ဆိုင် နာမည်ကို မင်း နာမည် ပေးထားလို့  မျက်နှာက မချိုမချဥ် ဖြစ်နေတာပေါ့ ဟုတ်လား ဆိုင် "

ကျောင်းသွားခါနီးမို့ ဖေကြီး နဲ့ သူက မေကြီး ရဲ့ မနက်စာကို အပြင်မှာ ထိုင်ကာ စောင့်နေကြခြင်းပင် ။

" ဟုတ်တာပေါ့ ဖေကြီး ရဲ့ "

ပက်ခနဲ သူ ပြန်ပြောတော့ ဖေကြီး က ခေါင်းကို အသာထုလာတယ် ။

" ဖေကြီး သဘောကျလို့ ပါကွ ပြီးတော့ ဒီနားတစ်ဝိုက်မှာ ဒီလိုအဟောင်းပြင်ဆိုင်တွေမရှိဘူးလေ ဆိုင်ရာ "

ဒါတော့ ဟုတ်တယ် ဖေကြီး က ပစ္စည်း အဟောင်းတွေ ပြင်ရတာ ကို တအားသဘောကျတာ သူရော မေကြီး ရော သိတယ် ဒါပေမဲ့ သူဒီနှစ်ဆယ်တန်းရောက်မှ ဖေကြီး က ဆိုင်ကလေးကို ဖွင့်လိုက်ခြင်းဖြစ်သည် ။

" ဖေကြီး လို အရင်ခေတ်လက်ကျန် လူရိုးကြီးကို မေကြီး ဘာကြည့်ကြိုက်လဲ စဥ်းစားမရ "

ဆိုင်တို့က သားအမိသားအဖသုံးယောက်သာ ရှိပြီး လက်ရှိ ဝင်ငွေနဲ့ လောက်ငှအောင်  နေတတ်စားတတ်သော မိသားစု လေးပင် ။

ဘာပြဿနာမှ လည်း မရှိကြ အေးအေးချမ်းချမ်း နဲ့ ပင် တစ်နေ့တာကို ဖြတ်သန်းဖြစ်ကြတာ များတယ် ။

ဒီ့အပြင်ကိုမှ မေကြီး ရဲ့ စုဆောင်းမှုကြောင့် ပိုတဲ့ ငွေတွေကို အတိုးလည်း ပေးစားသေးသည် ။

" ဆိုင်   ။ မင်း ခေါင်းလည်း မဖြီးဘူး ဟုတ်တယ်မလား "

သူ ခေါင်းငြိမ့်ပြတော့ ဖေကြီး က အိမ်ခန်းလေးထဲက ဘီးတစ်ချောင်း အမြန်သွားယူလာတယ် ။

 အချစ်ဦး ပုံပြင် Where stories live. Discover now