7

10K 982 203
                                    

Unicode

အဏ္ဏဝါ မီး လင်းနေတဲ့  အဟောင်းဆိုင်အိုလေးထဲ ဝင်သွားတော့ ဆိုင့် ဖေဖေက သူပြင်ခိုင်းထားတဲ့ ရေဒီယို ကလေး တစ်လုံးနဲ့ အလုပ်ရှုပ်နေတာ မြင်လိုက်ရသည် ။

" ဦးလေး "

မျက်မှန် ကို ပင့်တင်ကာ  သူ့ကို သေချာ
ကြည့်လာသည့် ဦးလေးကို  တွေ့တော့ ဆိုင့်ကို တောင် ပြေးမြင်မိသွားသည် ။

ဆိုင်က သူ့အဖေနဲ့ တူတာပဲ ။ မျက်မှန် ပင့်
တင့်ပုံကအစ ။

" ဪ ရေဒီယို လေးလာယူတာလား   သား ။    ဦးအခုမှ ပြင်တုန်း ကွာ သားအရေးတကြီးလိုလို့လား "

" မဟုတ်ပါဘူး "

အထဲမှာ မီးသီး မှိန်မှိန်လေး ထွန်းထားကာ ပစ္စည်းတွေအားလုံးက သူ့နေရာနဲ့ သူနေရာတကျလေးရှိနေတာမို့ ဆိုင်လေးကို
ကြည့်ပြီး  တစ်မျိုးတစ်မည်ခံစားချက်မျိုးကိုတောင် အဏ္ဏဝါ ရသွားတယ် ။

ဆိုင့် ဖေဖေက ရိုးရိုးရှင်းရှင်း နဲ့ နေတတ်တဲ့သူတစ်ယောက်မှန်း အဏ္ဏဝါ သိလိုက်ရတာမို့ ဘာမှ တွေးမနေတော့ဘဲ အထဲသာ ဝင်ချလာလိုက်သည် ။

အဏ္ဏဝါဇေး ဆိုတဲ့ သူက တော်ရုံ ဘယ်သူနဲ့မှ ပက်သတ်ချင်တာ မဟုတ် ။ အထူးသဖြင့် ဟိုစပ်စပ် ဒီစပ်စပ် လုပ်လွန်းတဲ့ လူကြီး တွေ ။

" ရပ်မနေနဲ့ သား ။ လာအထဲဝင် ခဲ့ ဦး လက်ဖက်ရည်တိုက်မယ်ကွာ လာခဲ့ ဆိုင့်သူငယ်ချင်း မဟုတ်လား မင်းက "

" ဟုတ်ကဲ့  ဆိုင် ကျောင်းမလာလို့ ကျွန်တော် လာမေးကြည့်တာ ဦးလေး  နှစ်ပတ်ကြီးတောင် ဆိုတော့လေ "

" ဆိုင်ဆိုင် က နယ်ဘက်ကို သူ့အမေနဲ့ ပါသွားတာ သားရေ ။ သူတို့ ကြီးကြီး ကျန်းမာရေး မကောင်းလို့ နှစ်ပတ်လောက် သွားပြုစုပေးရတာ ။ ဦးလေးလည်း သဘက်ခါလောက် လိုက်သွားမှာ ဆိုင့်ကို ပြောလိုက်မယ် လေ သူငယ်ချင်းတွေက သတိရနေတယ် လို့ ။ သောက်ဦး လက်ဖက်ရည်  "

" ဟုတ် "

ကြွေပန်းကန်လုံး ဖြူဖြူလေးထဲမှာ ထည့်ထားတဲ့  လက်ဖက်ရည်က သောက်ချင်စရာကောင်းလှသည် ။

" ဆိုင့် မေမေ မရှိလို့ မဟုတ်ရင် ဆိုင့်မေမေလက်ရာက ဦးလေးထက် ပိုကောင်းတယ်  "

 အချစ်ဦး ပုံပြင် Where stories live. Discover now