Unicode
သူ့ဘေးမှာ ကွေးကွေးလေး အိပ်နေသော
ဆိုင့်အား အဏ္ဏဝါ ကြည့်နေမိသည်မှာ တစ်ညလုံး ပင် ဖြစ်သည် ။ဆိုင့် နှလုံးသားက အေးစက်စက် သူ့အပေါ်မှာ နေရောင်ကြည်လို ခပ်နွေးနွေးလေးရယ် ။ သူများတွေနဲ့ မတူဘူး သူကြုံသလာရသမျှလူတွေထဲ ဆိုင်က အရိုးရှင်းဆုံး နဲ့ အစစ်မှန်ဆုံး သူ ။ သူ့အတွက် တော့ နေကြည်အလင်းဆိုင် က နှစ်ယောက်မရှိတဲ့သူ ။
နေကြည်အလင်းဆိုင် နဲ့ ခဏလောက် ခွဲရမည်ဆိုသည့် စိတ်က အဏ္ဏဝါ့ အတွက် အဆင်တော့ မပြေ။ ဒါပေမယ့် ဖွားဖွား ခေါ်တာ ဖြစ်၍ မသွားလို့လည်း မရ ။
" သဲငယ် "
" အင်း "
အင်းလို့သာ ထူးတာ နိုးလာဆိုတော့ နိုးလည်း မနိုးဘူး ။" နှုတ်မဆက်ဘဲ ကိုယ် သွားမှာမို့ သဲငယ်က စိတ်မဆိုးနဲ့နော် "
နဖူးလေးကို ခပ်ဖွဖွနမ်းတော့ ဆိုင် က မျက်ခုံးလေးတွေ တွန့်သွားသေးတာ ။
မရည်ရွယ်ဘဲ လုပ်လိုက်တဲ့ အပြုအမူ တစ်ခုချင်းစီ တိုင်း က မြတ်နိုးစရာ အတိ ။
နေကြည်အလင်းဆိုင် က ထောင်ချောက်ကလေး တစ်ခု ။
ပင်လယ်ပြာလေး ကိုယ်တိုင် နစ်ဝင်ပြီး ရုန်းထွက်မရတော့တဲ့ ထောင်ချောက်ကလေး
ပါ တဲ့ကွယ် ။" ကိုယ်ပြန်လာတာနဲ့ အရင်ဆုံး ချစ်တဲ့အကြောင်း တွေ ဝန်ခံပါ့မယ် သဲငယ် "
စောင်သေချာခြုံပေး ခဲ့ကာ အဏ္ဏဝါ အခန်းထဲ ကနေ ထွက်လာခဲ့သည် ။
ဦးလေးနဲ့ ဆိုင့်မေမေကို နှုတ်ဆက်ပြီး ညီမလေး ကိုလည်း လိမ်လိမ်မာမာ နေဖို့ သူမှာပြီးမှ ဖွားဖွား လွှတ်ပေးလိုက်တဲ့ ကားပေါ် တက်လာခဲ့လိုက်တယ် ။
ဘာလို့မှန်း မသိပေမဲ့ ဆိုင် တင် မဟုတ်ဘူး သူပါ စိတ်ထဲ လေးနေတာ ။
_________" အဏ္ဏဝါ "
မျက်လုံးမဖွင့်ရသေးဘူး ဘေးကို အရင်ဆုံး ဆိုင် စမ်းကြည့်တော့ ဘာမှ မရှိ ။
" ထွက်သွားပြီလား "
ဒီလူဆိုးကောင်ကတော့ သူ့ကို တောင် မပြောသွားဘူး ။
YOU ARE READING
အချစ်ဦး ပုံပြင်
RomanceThe entire story line and character names are just the imagination of the author.