6

10.1K 959 96
                                    


Unicode

သူ့ခါးကို အဏ္ဏဝါ  တင်းနေအောင် ဖက်ထားပြီး ငိုနေတာ  မို့ ဆိုင့်မှာ ပုခုံးနာနေတာပင် သတိမရတော့   ။

သူ့ အချစ်ဦး လေး  က အငိုသန်လိုက်တာ ။ အဏ္ဏဝါ့ကို အခုလို ကြီး  ငိုမယ်ဆိုတာ ဆိုင် ယောင်လို့တောင် မတွေးမိထားဘူး ။

" ငါဘာမှ မဖြစ်ပါဘူး ဆို မင်းက ငိုမနေတော့နဲ့ အဏ္ဏဝါ ရာ "

ဘယ်လိုမှ မနေနိုင်တော့တဲ့ အဆုံး ဆိုင်ကိုယ်တိုင် ခါးကိုဖက်ထားတဲ့ သူ့လက်တွေကို အတင်းဖြုတ်ကာ သူ့ဘေးမှာ ဆင်းထိုင်လိုက်သည် ။

" ငါ့ကို ကြည့်ပါဦး အဏ္ဏဝါ "

သူ ပြောတော့လည်း အဏ္ဏဝါ က ခေါင်းမော့လာပြီး ကြည့်လာတာကြောင့် ဆိုင်  အသာပြုံးပြလိုက်တယ် ။

" ဆေးတွေ ဘယ်မှာ ထားထားလဲ ငါ့ကို ပြော မင်းမျက်နှာက ဒဏ်ရာတွေ ဆေးထည့်ရမယ် "

"   အံဆွဲထဲ   "

လက်ညိုးထိုးပြလာသည်မို့ ဆိုင် ခေါင်းငြိမ့်ပြလိုက်သည် ။

" ဟုတ်ပြီ ငါ ယူလိုက်ဦးမယ် ခဏ "

ချွတ်ထားတဲ့ အင်္ကျီ ကို အသာပြန်ဝတ်ကာ အဏ္ဏဝါ ပြောတဲ့ အံဆွဲထဲ လှပ်တော့ လိမ်းဆေးအချို့ကို တွေ့ရတာမို့ အကုန်သာ ယူချလာလိုက်သည် ။

" လာ ငါ့အနားတိုးခဲ့  ဆေးထည့်ရအောင် နော် "

" ဆိုင် "

နှစ်ယောက် သား မျက်နှာက နီးကပ်နေ၍ တစ်ယောက် နဲ့ တစ်ယောက်   အသက်ရှူသံတွေ ပင် ကြားနေရသည် ။

အဏ္ဏဝါ သေချာကြည့်မှ နေကြည်အလင်းဆိုင် မျက်နှာမှာ မျက်မှန် တပ်ထားရလို့ အ ရာကျန်တာ လွဲ  အဖုအပိန့် တစ်စက်တောင် ရှိမနေ ။

သေချာကြည့်လေ နေကြည်အလင်းဆိုင် ရဲ့ ဖုံးကွယ်ထားတဲ့ အလှတရားတွေကို သူမြင်နေရတာ ။

လည်တိုင်ကနေ  Coffee နံ့သင်းသင်းလေးကိုလည်း ရနေပြန်သေးသည် ။

လည်တိုင် ။ လည်တိုင် ဆိုမှ ဆွဲကြိုးမျှင်မျှင်လေးဆွဲထားသည့် ဆိုင်က လော့ကတ်သီးကိုတော့ ဘာလို့ ကြယ်သီး လေးလဲ ။

 အချစ်ဦး ပုံပြင် Where stories live. Discover now