Short Story 1

609 41 6
                                        

လှောင်ချိုင့်ငယ်

Arthur

ငါကမွေးလာကတည်းကရွှေဇွန်းကိုက်ပြီး မွေးဖွားလာတာ အလိုရှိတာမှန်တမျှအကုန်ရခဲ့တယ် ဒါပေမဲ့ အရာရာကိုထိန်းချုပ်နေတဲ့ငါ့အဖေကြောင့် ငါလောက ကြီးကိုစိတ်ပျက်ပြီး လူဆိုးတစ်ယောက်အဖြစ်သာနေခဲ့တယ် ဒါပေမဲ့မင်းနဲ့တွေ့ပြီးတဲ့နောက်အရာရာ ပြောင်းလဲသွားတယ်
ငါမင်းကိုပိုင်ဆိုင်ချင်လာတယ် မင်းဂရုစိုက်မှုတွေကိုငါဘဲရချင်လာတယ် ငါကအဖေ့ကိုမုန်းပေမဲ့ မဖေ့အတိုင်းပါဘဲ သွေးဆိုတာဒါဘဲနေမှာ
.................

ခါတိုင်းလို စည်ကားသိုက်မြိုက်နေတဲ့ ကမ်မလော့ပြည်ကြီး

မြို့ထဲတွင်

ဝုန်း ....

"ဟားဟား ဟေ့ကောင်ရွေ့စမ်းပါဟ ငါကရွေ့နေတဲ့ပစ်မှတ်နဲ့လေ့ကျင့်ချင်တာ ဟဟ"

မာလင် ဂိုင်းရော့ခိုင်းတဲ့အလုပ်တွေလုပ်ဖို့ထွက်လာရင်း ဆူညံသံတွေကြားလိူ့လှည့်ကြည့်လိုက်ရာ လူဆိုးတစ်အုပ်က ကောင်လေးတစ်ယေညက်ကိုအနိုင်ကျင့်နေသည်ကိုတွေ့လိုက်သည်

"ဟေး ရပ်လိုက်"

"ဘာပြော.."

အာသာသူ့ကိုရပ်ခိုင်းသူကို လှည့်ကြည့်လိုက်ရာ အပြာ‌ေရာင်မျက်ဝန်းတွေထဲဒေါသတွေနဲ့ ကောင်လေးကိုမြင်လိုက်သည် သူညို့ယူခံလိုက်ရသလိုဘဲ
သူအကြည့်ကိုမလွဲနိုင်ဘူး

"ကြားလား ဟမ်"

"ဘာ.. မင်းငါနဲ့လိုက်ခဲ့ရမယ်"

"ဟမ့် မင်းကိုယ်မင်းဘာဘုရင်မှတ်နေတာလား ခေါ်ချင်တိုင်းလိုက်ရအောင်"

"မင်းပြောတာမှန်တယ် ဒါပေမဲ့ငါက ဘုရင့်သားဘဲ
သူ့ကို ငါအိပ်ဆောင်ဆီခေါ်ခဲ့ကြ"

"ဘာ..."

.............

အိမ်ဆောင်ထဲတွင် အေးစက်နေသောကြမ်းပြင်တွင် ကောင်လေးတစ်ယောက်ခွေခွေလေးလှဲနေလျက်

ကျွီ....

တံခါးဖွင့်သံကြောင့်မာလင်တစ်ယောက်နိုးလာတော့တယ်

"အိုး နိုးလာသားဘဲ မနိုးရင်လည်းကိစ္စမရှိပါဘူး"

"မင်းငါ့ကိုကြိုးဖြေပေးစမ်း"

Arthur X MerlinWhere stories live. Discover now