•9•

1.8K 256 23
                                    

UNICODE

"မလိုက်ဘူး မလိုက်ဘူး ကိုကို့ကိုမထားခဲ့နိုင်ဘူး!!!"

အကြောက်အကန်အော်ဟစ်သံက ဆူညံပွက်လောရ်ုက်သွားသည်။

"သခင်လေး အနုနည်းနဲ့ မလိုက်ရင် ကျွန်တော်တို့ အကြမ်းနည်းသုံးရပါလိမ့်မယ်"

"သုံးချင်တဲ့နည်းသာသုံး ကိုကိုပြန်လာလို့ ငါ့ကိုမတွေ့ရင်စိတ်ပူနေလိမ့်မယ်"

လက်မောင်းတွေကို ဖမ်းချုပ်ထားသည့် လူနှစ်ယောက်ထံမှ အတင်းကို ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရသည်။

"လွှတ်လို့ ပြောနေတယ်နော်"

မျက်နှာတွေပါ နီရဲတွတ်သည်အထိ အကျောက်အကန် ရုန်းကန်နေသည့် ရိပေါ်ကို ထိန်းရတာ မလွယ်လှပါ။

"ကိုကို့ကို ခေါ်မယ် ခေါ်မယ်လို့"

ရိပေါ်က ဆောင့်ရုန်းလိုက်သည့်အခါ အစိမ်းရောင်မျက်လုံးများက ပေါ်လာပြီး ချုပ်ထားသည့် ထိုသူတို့မှာလည်း လဲကျသွားသည်။

ထိုမျှမကြာ ရိပေါ်အရှေ့တွင် အကြမ်းနည်းသုံးမည်ဟု ချိန်းခြောက်သည့် အနက်ရောင် suit နှင့်လူက  အနားကပ်လာပြီး သူ့လည်ပင်းကို တစ်စူံတစ်ခုနှင့် ထိုးစိုက်လိုက်သလို နာကျင်သွားပြီးနောက်တော့ ရိပေါ်ရဲ့ ကမ္ဘာဟာ အမှောင်ကျသွားရသည်။

ရှောင်းကျန့် အိမ်ပြန်လာသည်မှာ မိုးချုပ်လုအချိန်ပင်ဖြစ်တာကြောင့် အားပေါ်စိတ်ကောက်နေမည်ဟုပင် တထစ်ချတွေးထားရသည်။

အိမ်ပြန်ရောက်သည်နှင့် ပွင့်နေသော တံခါး။ခြေရာလက်ရာမပျက်ရှိနေသည့် ဧည့်ခန်းနှင့် အသံတိတ်ဆိတ်နေသည့် မီးဖိုချောင်။

သာမန်ဒီလိုရက်တွေဆို အားပေါ်က တီဗီကြည့်ရင်ကြည့် မကြည့်ရင် အိမ်နောက်မီးဖိုချောင်မှာ ရှောင်းကျန့် ချက်သွားသမျှ ဝယ်ထားသမျှကို ကုန်စင်အောင်မွှေနောက်စားတတ်သည်။

ယခုတော့ အဲ့လိုမဟုတ်။ တစ်ထပ်အိမ်ပုကလေးမှာ တိတ်ဆိတ်မှုတို့သာကြီးစိုးလျက်။

Where's my baby panther?Where stories live. Discover now