•1•

3K 377 24
                                    

တည်ငြိမ်နေတဲ့ ရှောင်းကျန့် ဘဝလေးကို ကပြောင်းကပြန်ဖြစ်သွားစေတာက အဲ့ဒီ့ အနက်ရောင်ကျားသစ်ကလေး အိမ်ကို ရောက်လာသည့်နေမှ အစပြု၍ဖြစ်သည်။

ရေစိုနေသည့် အနက်ရောင် အမွှေးအမျှင်များကို တပတ်နှင့် စိတ်ရှည်လက်ရှည်သုတ်ပေးရသည်။

"တော်သေးတယ်... မင်း ခုနကလို ဆိုးနေရင် ငါဘယ်လိုသုတ်ပေးရမလဲ... ငါကကြောင်သာမွေးဖူးတာ ကျားသစ်ကို အပြင်မှာမြင်ဖူးတာတောင်မဟုတ်ဘူး"

ရှောင်းကျန့်၏ပွစိပွစိ အပြောကို မျက်လုံးလေးပြူးလို့ ကြည့်နေရှာသည်။ မသိရင် သူနားလည်သလို။

မကြာသေးခင်က ခပ်ကြောက်ကြောက်ပုံစံဖြင့် ရှောင်းကျန့်ကို မာန်ပြန်ဖီသည့် လက်တောင့်လောက်က သူမဟုတ်သလို။

"မင်း ဘယ်က လာတာလဲကွာ... တောရိုင်းကောင်တွေက မကောင်းတဲ့စိတ်ရှိတဲ့သူတွေနဲ့ တွေ့ရင် မင်းတို့ ဒုက္ခရောက်မှာ... မင်းသိလား လူတွေက ကြောက်စရာကြီး"

အမွေးအိအိကလေးတွေက မီးရောင်အောက်မှာ ခပ်ပြောင်ပြောင်။ သွားလေးတွေတောင်မစုံသေးတဲ့ ကျားသစ်ပေါက်စလေးက တစ်လကျော်ကျော်လောင်ပဲ ရှိသေးလောက်သည်။

"အေးနေတယ်မလား... "

ရှောင်းကျန့် စားပွဲအောက်က ကြောင်အိပ်ရာ အဟောင်းလေးကို ဆွဲထုတ်လိုက်သည်။ ပလပ်စတစ်နဲ့ ထုပ်ထားသည်မို့ ဖုန်တင်တာမျိုးတော့မရှိ။

"လာ... ဘုံဘုံရေ... မင်းဟာကို ခဏ ငှားလိုက်မယ်နော်... ကိုကို့ဘုံဘုံလေးကုသိုလ်ရပါတယ်"

ပါးစပ်ကလည်းရေရွတ်ရင်း အိပ်ရာ အဆင်သင့်လုပ်ပေးတော့ သကောင့်သားပေါက်စလေးက အိပ်ရာပေါ် တလှုပ်လှုပ်တက်သွားလေသည်။

"အိပ်ရတဲ့နေရာမှန်းတော့ သိသားပဲ"

နှာသီးကို ရှုံ့လို့ မာန်ထပ်ဖီတဲ့ ကောင်လေးက သူ့စကားကို နားလည်သယောင်ပြုမူသေးသည်။

"ကယ်တင်ထားတာကို ကျေးဇူးမကန်းနဲ့... ချက်စားပစ်လိုက်မှာ"

မျက်နှာသေးသေးလေးကို လက်ဖဝါးထဲ ထည့်ပြီး အော်ငေါက်ပြောတော့ ငြိမ်ကျသွားသည်။ တုန်လည်း တုန်ပြသေးသည်။

Where's my baby panther?Donde viven las historias. Descúbrelo ahora