CompanyကနေRubyပြန်လာတဲ့အချိန် ကားက ရုတ်တရက်ကြီးထိုးရပ်သွားတာကြောင့်...
"Shittt....လူကပင်ပန်းလို့နားချင်ပါတယ်ဆို ကားကဖြစ်ပြန်ပြီကွာ...."
စီယာတိုင်ကို လက်သီးစုတ်သေးသေးလေးတေနဲ့ထုရိုက်ကာRubyငြီးငြူမိလိုက်ပါတော့တယ်...
Ruby...
Rubyဆိုတာက Channel Companyရဲ့CEO.J Groupရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်တဲ့အပြင်..အချေမင်းသမီးလေးလို့စီးပွားရေးလောကမှာနံမည်ကြီးနေတဲ့...
Kim Jennie Ruby Janeဆိုတဲ့ မိန်းမလှလေးပါပဲ....
မျက်ခွံစပေါ်ကမှဲ့နက်လေးရယ် ...
ရယ်လိုက်တိုင်း သွားသေးသေးလေးပေါ်လာသလို ဖောင်းနေတဲ့ပါးဖောင်းဖောင်းလေးတေကြောင့် ပုရိသတေ ငန်းငန်းတက်လိုချင်နေတဲ့ မိန်းမလှလေးဆိုရင်လဲ မမှားပါဘူး...အသက်က (25)နှစ်သာရှိသေးပြီးငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွားရေးလောကမှာလဲအောင်မြင်နေသလို လုပ်ငန်းသဘောနဲ့သာ ပြောဆို ဆက်ဆံလို့ကောင်းတဲ့မိန်းခလေးဆိုတဲ့သူပေါ့....
ရပ်သွားတဲ့ကားပေါ်ကနေRubyမဆင်းသေးပဲ ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့လူပြတ်နေတဲ့နေရာဖြစ်တာကြောင့်ကျက်သီးအနဲငယ်ထသွားကာ...
"သေသာသေလိုက်ချင်တယ် Arjishiiကလဲ ဘူဆန်ခနပြန်သွားတယ် ကားကလဲ ဘာဖြစ်သွားတာလဲမသိဘူး ..."
အိတ်ထဲကဖုန်းကိုထုတ်ကာ သူငယ်ချင်းဖြစ်သူJijiထံဖုန်းခေါ်ကြည့်တော့...
"အာ့ Hello..."
"အေး နင် ဘယ်မှာလဲ Jiji..."
"ငါလား ...အာ့..."
"ဘာ...ဘာ သံတေလဲ..."
"မိ မိအားနဲ Ruby ငါ မအားသေးဘူးဟယ်..အာ့ Babyနာတယ်လို့....ဖြေးဖြေး"
"OMG....နင် နင်တို့...ငါ က လဲ အချိန်ကောင်းကိုဆက်မိတယ် ဒါပဲဟယ်....."
တစ်ဦးတည်းသောသူငယ်ချင်းလေးJijiဆီဖုန်းဆက်လိုက်မှRuby ငါးပါးတေမှောက်ပါရော...
Jijiနဲ့Rubyကငယ်သူငယ်ချင်းဖြစ်သလို စီးပွားဖက်တေလေYoungကတော့Jijiရဲ့Girlfriend Doctorမလေးတစ်ယောက်ပေါ့...
YOU ARE READING
လူဇိုးလေး"မောင်"
Short Storyမာနအရမ်းကြီးတဲ့ "မ"လိုလူမျိုးက ဘာလို့များ လူဇိုးလေး "မောင်"ကိုအရမ်းချစ်မိသွားရတာလဲကွာ