Part-3🦋

3.5K 298 43
                                    

ကားအမဲရောင်ထဲကလူသားလေးနှစ်ယောက်ကတော့စကားမပြောကြပဲတိတ်ဆိတ်နေတာကြောင့် Rubyကကားမောင်းနေရင်းဘေးမှာကျောက်ရုပ်လိုထိုင်နေတဲ့Lisaကို...

"ခနကကိစ္စ..."

စကားစလာတော့Lisaကချက်ချင်းပဲRubyကို...

"ရပါတယ် အကူညီလိုနေတဲ့သူကိုကူညီတယ်လို့ပဲ သဘောထားလိုက်ပါ..."

ဂျစ်ကန်ကန်လေသံဖြင့်ပြောလာတာကြောင့် ကားမောင်းနေတဲ့Rubyစိတ်တိုသွားကာစီယာတိုင်ကိုကျစ်ကျစ်ပါအောင်ဆုတ်ထားရင်း...

"ကောင်းပြီလေ...မင်းသဘောပဲ..."

လေသံမာမာနဲ့ပြန်ပြောလိုက်တော့Lisaက...

"အဲ့ကိစ္စအတွက် ခင်ဗျားစိတ်ထဲမှာဘယ်လိုမှမထားပါနဲ့ Liလဲစိတ်ထဲမှာမရှိတော့ဘူး ဒါပေမယ့် ခင်ဗျားကနံမည်ကြီးတဲ့သူထင်တယ် ခင်ဗျားတို့ပြသာနာတက်နေတဲ့အချိန်ဘေးကလူတေကVideoတေရိုက်နေကြတယ်..."

မေးလိုက်တော့Rubyကချက်ချင်းပဲ...

"မင်းကိစ္စမဟုတ်ပါဘူး စိတ်ထဲထားမနေပါနဲ့ ဒါနဲ့မင်းကို ငါဘယ်လိုက်ပို့ပေးရမလဲ..."

"ရတယ် ဟိုရှေ့နားရောက်ရင် Liကိုချပေးထားခဲ့ ကိုယ့်ဘာသာအိမ်ပြန်လိုက်မယ်..."

"ပြီးရော..."

RubyလဲLisaညွှန်ပြတဲ့လမ်းဘေးတစ်နေရာကိုကားရပ်လိုက်တော့Lisaကတံခါးဖွင့်ကာချက်ချင်းဆင်းပြီးRubyကိုကြည့်ကာ...

"ခင်ဗျားနှုတ်ခမ်းလေးကနူးညံ့နေတာပဲနော်..."

ပြုံးစိစိပြောပြီးLisaကထွက်သွားတာကြောင့်Rubyဘာမှမပြောနိူင်ပဲကားထဲမှာသာကျန်နေခဲ့ပါတော့တယ်...Lisaကတော့ဝယ်လာတဲ့အထုတ်တေကိုဆွဲရင်းနားခိုရာအိမ်လေးဆီကိုပြန်လာကာရေခဲသေတ္တာထဲကိုထည့်စရာရှိတေထည့်ပြီး Sofaခုန်မှာဝင်ထိုင်လိုက်ရင်းRubyနမ်းသွားတဲ့ကိုယ့်နှုတ်ခမ်းပါးကိုကိုယ်လက်နဲ့ကိုင်ကြည့်ကာ...

"ခင်ဗျားကတော့ ဘယ်လိုနေမယ်မသိပေမယ့် Liကတော့ခင်ဗျားနှုတ်ခမ်းပါးလေးကိုစွဲလမ်းမိသွားပြီထင်တယ်ဗျာ....ခင်ဗျားအတွက်ကတော့အဲ့အနမ်းကFirst Kissလားဆိုတာမသိပေမယ့် Liအတွက်ခင်ဗျားနမ်းလိုက်တဲ့အနမ်းကFirst Kissဆိုတာကိုသိရဲ့လား အပုလေးရယ်.."

လူဇိုးလေး"မောင်"Where stories live. Discover now