M as Mystery

1.2K 72 7
                                    

Unicode

တောင်တက်လမ်းတစ်လျှောက်တွင် ကားတစ်စီးမှာ ပုံမှန်အမြန်နှုန်းနှင့် ရွေ့လျားနေသည်။ ကားထဲတွင်တော့ မိသားစုတစ်စု ရှိပေ၏။ မောင်းသူဘေးခုံ တွင်ထိုင်နေသော အမျိုးသမီးက ကားပြတင်းမှတစ်ဆင့် အပြင်ဘက်ရှုခင်းကို စိတ် မပါသည့်ဟန်မျိုးဖြင့် ငေးကြည့်နေခဲ့သည်။

ကားလေးမှာ တောင်တက်လမ်းတစ်လျှောက် ပြေးနေသည်မို့ အမျိုးသမီး မြင်ရသည်က ညို့မှိုင်းနေသောကောင်းကင်နှင့် ခပ်လှမ်းလှမ်းတောင်အောက်ခြေရှိ သစ်တောမှသစ်ပင်များကိုသာ။ အမျိုးသမီးက ​တိတ်ဆိတ်စွာဖြင့် မြင်ကွင်းထဲဝင် လာသမျှရှုခင်းကို အချိန်အတန်​ကြာ ကြည့်နေပြီးနောက် အလိုမကျဟန်မျိုးဖြင့် မျက်ခုံးများတွန့်ချိုးပြီး လေပူမှုတ်ထုတ်သည်။ ခပ်လှမ်းလှမ်းရှိ လိပ်တက်နေသော တိမ်မည်းတို့ကို ထပ်ကြည့်ပြီးနောက် မောင်းသူအမျိုးသားဘက် လှည့်လိုက်၏။

"ကျွန်မတို့ မသွားလို့မရဘူးလား"

အမျိုးသမီးက ခြောက်ကပ်ကပ်ဆိုသည်။ စင်စစ်တွင်တော့ သူတို့မထွက် လာခင် ခရီးစဉ်ရေးဆွဲကတည်းက အမျိုးသမီးမှာ ခရီးကိုသွားချင်ပုံမရပါပေ။

"မီရယ်... မင်း အနားယူဖို့လိုတယ်လေ"

အမျိုးသားက အမျိုးသမီးကို ချော့မြူသည့် အသံမျိုးဖြင့် ပြော၏။

"ဒါပေမဲ့"

"ကိုယ်တို့တစ်မိသားစုလုံး အပန်းဖြေဖို့လေ မီရယ်... ကိုယ့်သူငယ်ချင်းက ကိုယ်တို့အတွက် သူ့အိမ်ကိုငှားပေးထားတာ... မီအတွက် ပတ်ဝန်းကျင်အပြောင်း အလဲလိုလို့ ဒီအချိန်ကြီးကို ကိုယ်အလုပ်ကခွင့်ယူထားတာလေ... ကိုယ်တို့လုပ်တဲ့ အရာအားလုံးက မီအတွက်ပါပဲ... မီနဲ့ကိုယ့်ကြား အချိန်တစ်ခုယူရဦးမယ်ဆိုတာ ကိုယ်နားလည်ပါတယ် ဒါပေမဲ့ မီရယ် သားလေးကိုလဲ ကြည့်ပါဦး သူ ခရီးထွက်ရ တာကို ပျော်နေတာ..."

အမျိုးသားဖြစ်သူက အမျိုးသမီး ခွန်းတုံ့မပြန်ခင်တွင် ထပ်ပြောလိုက်၏။

"သားလေး မင်းခရီးထွက်ရတာ ပျော်လားမပျော်လားကို မေမေ့ကိုပြောပြ လိုက်ပါဦး"

MIRAGE (Original)Where stories live. Discover now