Rage

329 42 5
                                    

Unicode

သမီးလေးကို မီ နေ့တိုင်းရှာမိသည်။ သမီးလေးထွက်ပြေးသည့် အချိန်ကို ရောက်တိုင်း မီလည်း အပြင်ကိုပြေးထွက်ပြီး သမီးလေးကို ထွက်ရှာကြည့်သည်။ တဖြည်းဖြည်းနှင့် မီ စိတ်က သမီးလေး ရှိသေးသည်ဟု စွဲမှတ်လာ၏။ မီ ထံ သမီး ပြန်လာဦးမည်ဟု မီ ထင်လာသည်။

တစ်နေ့တွင် သမီးလေးကို မီ ပြန်တွေ့ခဲ့သည်။ သမီးလေးက မီ ခံစားနေရ သည်ကို မကြည့်ရက်၍လားမသိ မီထံသို့ ပြန်လာခဲ့သည်။ သမီးလေး လက်ကိုဆွဲ ပြီး အိမ်သို့ပြန်လာချိန်တွင် အမျိုးသားနှင့်ယောက္ခမက သမီးလေးကို အသိအမှတ် မပြုကြပေ။ သူတို့က မီကို သမီးလေးမရှိတော့ကြောင်းသာ ထပ်တလဲလဲ ပြောကြ ၏။ သူတို့စကားကို မီ နားမထောင်တော့ မီကို နေမကောင်းဟု သူတို့က ပြောပြန် သည်။

ဘယ်မှာ မီ နေမကောင်းလို့လဲ သမီးလေးက မီ အနားမှာရှိနေတာကို...။

ခဏခဏ ဖြစ်လာတော့ မီ စိတ်တိုလာသည်။ မီကိုယ်မီပင် တွေးမိလိမ့် မည်ဟု မထင်ထားသည့် အတွေးတစ်ခုကို မီ တွေးမိလာသည်။

"‌မေမေ... သမီး ကွာရှင်းချင်တယ်..."

မီ ပြောတော့ မေမေက မီကို အထိတ်တလန့်ကြည့်၏။

"သူတို့က သမီးလေးကို အသိအမှတ်မပြုကြဘူး... သမီးလေးကို မီ ဘယ် လောက်ထိ ခက်ခက်ခဲခဲ ရှာထားရသလဲ"

မီရင်ထဲရှိ စကားတို့ကို မေမေက နားမထောင်။ မီကို ခင်ပွန်းနှင့်ယောက္ခမ ပြောသလိုသာ ပြောသည်။

"သမီး ခဏလောက်နားလိုက်ပါလား... ခရီးလေးဘာလေး ထွက်ရင်လဲ ထွက်လေ"

ထိုညက မေမေကခင်ပွန်းထံ ဖုန်းဆက်ပြီး ငိုသည်။ မီအမျိုးသားကိုလည်း မီ အခုလိုဖြစ်ရတာ ခင်ပွန်းနှင့်ယောက္ခမတို့ကြောင့်ဟု ပြောသည်။

တကယ်တော့ မေမေ့အပြစ်လဲပါတယ်လေ ဟု မေမေ့ကို မီ ပြောလိုက် ချင်ပါသည်။ အကယ်၍ မေမေတို့ကသာ မီကိုလုံလောက်သည့် မေတ္တာပေးခဲ့လျှင် ခင်ပွန်းပေးသည့် မေတ္တာချောက်နက်ထဲသို့ မီ ခုန်ဆင်းဖြစ်လိမ့်မည်မဟုတ်ဟု မီ ယုံကြည်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ထိုအရာတို့သည် မီ အတွက်အရေးမ ကြီးတော့။ မီထံသို့ ပြန်ရာက်လာသည့် သမီးလေးကို အားလုံးက အသိအမှတ်မပြု ခြင်းအကြောင်းသည်သာ မီ အတွက်အရေးပါသည်။ သမီးလေးပြန်လာဖို့ကို မီမှာ ဘယ်လောက်ထိ မျှော်နေခဲ့ရသလဲ။ သမီးလေးပြန်လာတော့ အားလုံးက သမီးကို ငြင်းပယ်ချင်ကြသည်။ ထိုသည်ကို မီ ခွင့်မပြုနိုင်။ မီ မြိုသိပ်တာ များလွန်းနေပြီ။

MIRAGE (Original)Where stories live. Discover now